N I N E

790 144 5
                                    

Unicode

ဒီခံစားချက်ကဘာနဲ့တူသလဲဆိုတော့….

မွတ်သိပ်နေတဲ့လူတစ်ယောက်က ရေကြည်အေးအေးလေးကိုအငမ်းမရသောက်နေရသလိုမျိုး

အမှောင်ကြောက်တဲ့ကလေးလေးက အလင်းရောင်ကိုရှာတွေ့သွားသလိုမျိုး

ဆောင်းတွင်းပေါင်းအသင်္ချေကိုဖြတ်သန်းပြီးတဲ့နောက် နွေဦးပြန်ရောက်လာသလိုမျိုး

အိမ်ပြန်ရောက်သွားသလိုမျိုးနွေးထွေးတဲ့ခံစားချက်ကလေး။

ဆယ့်နှစ်နှစ်ကြာဝေးကွာပြီးနောက်ပြန်တွေ့ရတဲ့ နတ်သားလေးက ပိုပြီးတောင်ချစ်ဖို့ကောင်းလာသေးတယ်။ 

မျက်လုံးဝိုင်းဝိုင်းစက်စက်ကလေးတွေဟာ ညကောင်းကင်မှာမြင်ရတဲ့ကြယ်တွေလိုမျိုးတောက်ပနေတယ်။မဟုတ်ဘူး။ ညကောင်းကင်ကကြယ်တွေထက်ပိုပြီးလှတယ်။ နှုတ်ခမ်းဖူးဖူးလေးဟာလည်း ဆီးနှင်းရည်စွတ်ထားတဲ့ နှင်းဆီပန်းလေးလိုပဲ။ ရဲရဲတောက်ပြီး စိုစွတ်နေလေရဲ့။ 

ပြီးတော့ နတ်ဆိုးကောင်လေးအမြဲအသည်းယားခဲ့ရတဲ့ လက်ဖောင်းဖောင်းအိအိလေး။ သူ့ရဲ့ လက်ဖဝါးခပ်ကြီးကြီးထဲမှာမြုပ်နေတဲ့ လက်သေးသေးလေး။ Taehyung ဟာ Jimin ရဲ့လက်ကလေးကို သူ့ပါးပေါ်ကိုဆွဲယူလိုက်ပြီး မျက်လုံးမှိတ်ရင်းသက်ပြင်းတစ်ချက်ချတယ်။

အိပ်မက်မက်နေတာမဟုတ်ဘူးပဲ။

သူတကယ်ကို နတ်သားလေးရဲ့အနားကိုပြန်ရောက်လာတာပဲ။

"Tae?"

"ဟင်?"

"တကယ်….တကယ်ပြန်ရောက်လာတာမလား? ပုံရိပ်ခွဲမဟုတ်ဘူးမလား?"

"ပြန်လာမယ်လို့ ပြောခဲ့သားပဲ။ ဘာကိစ္စ ကိုယ်တိုင်မဟုတ်ပဲ ပုံရိပ်ခွဲနဲ့လာတွေ့ရမှာလဲ Jiminnie လေးရဲ့?"

"ငါ…..ငါ-"

"ဟင်? ပြောပါဦး။ ပြန်လာမယ်ဆိုတာကိုမယုံခဲ့တာတော့မဟုတ်ဘူးမလား?"

- twitterpated -Where stories live. Discover now