Unicode
နဖူးပြေပြေလေးကိုတစ်ချက်။
နှာသီးလေးကိုတစ်ချက်။
ပါးမို့မို့လေးကိုတစ်ချက်။
ပြီးတော့…… နှုတ်ခမ်းထောင့်စွန်းလေးကိုတစ်ချက်။
အိပ်ပျော်နေတဲ့နတ်သားလေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကိုအသာလေးထိတွေ့ဖို့ရာ Taehyung မရဲသေး။
ခပ်တိုးတိုးညည်းရင်း နတ်သားလေးက မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှာ လက်တစ်ဖက်နဲ့ခေါင်းကိုထောက်ပြီး သူ့ကိုမြတ်နိုးစွာကြည့်နေတဲ့ နတ်ဆိုးကောင်လေး။
"Tae ah~"
Taehyungက Jimin ရဲ့လက်ကလေးကိုခပ်ဖွဖွနမ်းရင်းပြန်ထူးတယ်။
"ငါအခုဘာဆက်လုပ်ရမလဲ? နေနေကျအိမ်မှာလည်းနေခွင့်မရှိတော့ဘူး။ ကောင်းကင်ဘုံလည်းပြန်လို့မရတော့ဘူး"
"အခုတော့ဘာမှမတွေးပဲနဲ့ နေကောင်းအောင်ပဲနေ။ ဒဏ်ရာတွေသက်သာပြီး ကောင်းသွားပြီဆိုမှ ငါတို့အတူတူစဉ်းစားကြမယ်"
"တောင်းပန်ပါတယ်။ မင်းကိုပါငါ့ပြဿနာထဲဆွဲထည့်မိလို့"
Taehyung က Jimin ရဲ့ ဆံပင်လေးတွေကိုလက်နဲ့ထိုးဖွရင်းပြောတယ်။
"ငါတို့ကအဲ့လိုပြောရမယ့်သူတွေလား? မင်းမို့လို့ကိုငါကမင်းရဲ့အရာရာမှာပါဝင်ချင်တာလေ"
"Tae ah~ ဘာလို့အဲ့လိုရှက်ဖို့ကောင်းအောင်ပြောနေတာလဲ?"
"ဘာလို့ဆို ငါ့ရဲ့ Jiminnie ကချစ်ဖို့ကောင်းလို့ပေါ့။ မက်မွန်သီးလေးရဲ့"
ပြောရင်းဆိုရင်းနဖူးကိုရွှတ်ခနဲနမ်းသွားပြီး အနှီနတ်ဆိုးဟာ မနက်စာပြင်ပေးဖို့အပြင်ကိုပြေးထွက်သွားလေရဲ့။
ကုတင်ပေါ်မှာကျန်ခဲ့တဲ့ Jimin လေးကတော့ မျက်နှာကနီရဲလို့ပေါ့။
†~†~†~†~†~†~†~†~†~†~†~†~†~†~†~†
Jimin ကိုမနက်စာကျွေးပြီး ရေချိုးပေးပြီး သူပြန်အနားယူသွားပြီဆိုတော့မှ Taehyung ထွက်လာခဲ့တယ်။ Jimin ရဲ့အရင်အိမ်ကိုပေါ့။
သော့ဖွင့်စရာမလိုပဲ သူ့ရဲ့အစွမ်းနဲ့ခပ်မြန်မြန် Jimin ရဲ့တိုက်ခန်းလေးထဲရောက်လာခဲ့တယ်။ Jimin ရဲ့အဝတ်အစားတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အိတ်ထဲထည့်ပြီး လှည့်ထွက်ဖို့လုပ်ရင်း စားပွဲပေါ်ကပန်းအိုးလေးကိုတွေ့လိုက်မိတယ်။