T W E N T Y - T H R E E

472 76 6
                                    

Unicode

Justin Jeon တဲ့လား?? အဟက်..ဘယ်လောက်တောင်ရိုးအလိုက်တဲ့ကလေးပါလဲ? သူ့ရှေ့မှာသေသွားတဲ့သူအတွက်ခုချိန်ထိအပြစ်ရှိသလိုခံစားနေရတဲ့ပုံပဲ။

ရှုပ်ထွေးပွေလီတဲ့ ကောင်းကင်ဘုံကတကယ်ကိုပဲ...Jimin လိုနတ်သားတစ်ယောက်အတွက်ညစ်ပတ်လွန်းတယ်။အင်းပေါ့လေ...အဲ့လိုညစ်ပတ်နေလို့ပဲ Taehyung ဆိုတဲ့နတ်ဆိုးလေးက သူ့ကိုဒီမှာမထားနိုင်တာပေါ့။ အဲ့ဒီနတ်သားတွေနင်းတဲ့မြေကြီးကိုနင်းမိရင်တောင် သူ့ခြေဖဝါးနုနုလေးညစ်နွမ်းသွားနိုင်တယ်လို့တွေးမှတ်ထားပုံရတယ်။

နတ်ဆိုးတွေက ဒီလိုမျိုးရူးရူးမိုက်မိုက်ကို မြတ်နိုးတတ်ကြတာတဲ့လား?

"လူမှားနေပြီထင်တယ်နော်...ကိုယ့်နာမည်က Jungkook ပါ Justin တော့မဟုတ်ဘူး"

"အဲ့လိုလား? တောင်းပန်ပါတယ် အရမ်းတူနေလို့။ အထူးသဖြင့် အဲ့မျက်လုံးလေးတွေ..."

"အရင်ကမသိပေမယ့်လည်းအခုသိအောင်လုပ်လို့ရတာပဲ။ လာပါ ဒီနားကိုလာထိုင်"

Jungkook ပြတဲ့နေရာကိုထိုင်ဖို့အလှမ်းမှာပဲ Jimin အရှေ့ကိုလူတစ်ယောက်ကပိတ်ရပ်တယ်။ ကုတ်အင်္ကျီအရှည်ဟာ ထိုအရပ်ရှည်ရှည်နဲ့သူရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြည့်လို့အလွန်ကောင်းနေတယ်။ ဟိုအရင်ကသတိမထားမိခဲ့တဲ့ ကိုယ်သင်းနံ့ပြေပြေလေးဟာ Jimin နှာခေါင်းရှေ့မှာဆော့ကစားလို့။

"မသွားနဲ့"

"ရော် ခက်တော့တာပဲ။ ဒီက ကောင်လေးနဲ့စကားနည်းနည်းပြောချင်ရုံပါ"

"ထွက်သွား... ခင်ဗျားတို့နဲ့ Jimin ကဘာမှပတ်သက်စရာမရှိတော့ဘူး"

အစတည်းကမကြည်တဲ့ Taehyungရဲ့စိတ်ဟာ အခုဆိုအနည်ထိုင်တဲ့အဆင့်။ ဒီကောင်းကင်ဘုံကလူကို သိပ်ကြည့်လို့ရမနေဘူး။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအဆမတန်ပြင်းထန်ပြီး Jimin ကိုပြုံးစစနဲ့ကြည့်နေတာသိပ်မဟုတ်သေး။ သူတို့ကောင်းကင်ဘုံကပဲ Jimin ကိုအကျဉ်းချ ‌အတောင်ပံချိုးပြီး ဒီကိုပစ်ချခဲ့တာလေ။ ဘာကိစ္စလာပတ်သက်ချင်နေရတာလဲ ခုမှ!

"Hmmm...တဖြည်းဖြည်းနဲ့ စိတ်ဝင်စားဖို့ကောင်းလာတာပဲ။ Hyung တို့ ကျွန်တော့ကိုခွင့်ပြုဦး"

- twitterpated -Where stories live. Discover now