Unicode
ဖြူလျလျမျက်နှာပေါ်မှာအလိုမကျခြင်းတွေပေါ်လွင်နေလေရဲ့။ ပိတ်ထားတဲ့မျက်လုံးအစုံကတော့ မျက်ခွံတွေအောက်မှာလှုပ်ရှားနေတယ်။
"Yoongi!! Yoongi ထတော့!!"
"....."
အိပ်မက်ဆိုးမက်နေပုံရတဲ့ Yoongi ကိုနှိုးအောင်လုပ်ဖို့ရာ Seokjinတစ်ယောက်မစွမ်းချေ။ တဖြည်းဖြည်းနဲ့ အခန်းကလည်းအေးလာလေသည်။ တံခါးပေါက်ရှိမှန်များတွင်လည်းရေခဲငွေ့များရိုက်ခတ်နေပြီဖြစ်သည်။ အိပ်မက်ဆိုးမက်တိုင်းအထိန်းအကွပ်မရှိထွက်လာတတ်သော Yoongi ၏ရေခဲစွမ်းအားကိုကြုံရသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့သော်လည်း ဒီတစ်ခါကအတော်ပြင်းထန်လွန်းသည်ထင်။ Seokjin၏မျက်နှာပေါ်သို့ဖြတ်သန်းသွားသော Yoongi ရှူထုတ်လိုက်သည့်လေသည်တောင်မှ ကြမ်းရှရှဖြစ်နေသကဲ့သို့ခံစားလိုက်ရသည်။
"Min Yoongi!! အခုချက်ချင်းထစမ်း!!"
ပုံမှန်ထပ်ခပ်ကြမ်းကြမ်းလှုပ်နိုးလိုက်ခါမှမျက်လုံးနှစ်လုံးပွင့်လာသည့် Yoongi။ မျက်လုံးနှစ်လုံးမှာလည်းအဖြူထည်သက်သက်ဖြစ်နေပြီမို့ တစ်ခုခုတော့ဖြစ်နေပြီဆိုတာကို Seokjin အတပ်သိလိုက်သည်။
".....ချိုး….တားမြစ်….စောင့်..Mich…."
"Yoongi! Yoongi ရေ! ဘာတွေမြင်နေရတာလဲ? Hyung ကိုပြော"
"Hyung အဲ့ကလေးမှာအပြစ်မရှိဘူး!! ကျွန်တော်တို့ကာကွယ်ပေးမှရမယ်"
"အင်း မင်းလိုချင်တာအကုန် Hyung လုပ်ပေးမယ်။ ဘယ်ကလေးလဲ? ဘယ်ကလေးကိုကာကွယ်ပေးရမှာလဲ?'
"AHHHHHHH!"
Seokjinရဲ့အမေးစကားကိုပြန်ဖြေဖို့လုပ်နေရင်း ပြင်းထန်လှတဲ့နာကျင်မှုကြောင့် Yoongi သူ့ခေါင်းကိုသူကိုင်ပြီးအော်ဟစ်လိုက်မိတယ်။အခန်းကလည်းအေးသထက်အေးလာပြီ။ ဒီအတိုင်းဆက်သွားရင် Yoongi ပိုပြီးနာကျင်မှာသိတဲ့အတွက် Seokjin ခပ်တိုးတိုးတောင်းပန်စကားဆိုပြီး လုပ်စရာရှိတာအမြန်လုပ်ဖို့ပြင်လေတယ်။
အခန်းကိုမီးလောင်တိုက်သွင်းဖို့ပေါ့။
လက်ဖျောက်တစ်ချက်တီးပြီးနောက်မှာ Yoongi ရဲ့အခန်းဟာ လိမ္မော်ရောင်မီးတောက်တွေနဲ့ပြည့်နှက်သွားခဲ့တယ်။Yoongi ရဲ့ အားကုန်နေတဲ့ ခန္ဓာကိုယ်ကတော့ Seokjin ရဲ့ရင်ခွင်ထဲမှာ ပုံလျက်သားလေးကျနေလေရဲ့။ နာကျင်မှုဒဏ်ကြောင့် မျက်ရည်ကျနေတဲ့ Seer ကောင်လေးကို Warlockကောင်လေးက ခေါင်းလေးကိုပွတ်ပေးရင်း အဆင်ပြေသွားမှာဖြစ်တဲ့အကြောင်းတတွတ်တွတ်ပြောနေပါတော့တယ်။