Unicode
အရာရာဟာငြိမ်သက်လျက်။
မုန်တိုင်းမလာခင် လေငြိမ်နေတယ်ဆိုသလို အရာအားလုံးဟာ ငြိမ်သက်နေတယ်။ ကောင်းကင်ဘုံမှာရော ငရဲဘုံမှာရော။ ဘာကိုမှမသိတဲ့လူသားတွေကတော့ သွားလာနေဆဲပင်။
မျက်စိအစုံကိုမှိတ်ထားတဲ့ Taehyung ရဲ့ ရင်ဘတ်ပေါ်ကို Jimin နားတစ်ဖက်ကပ်ပြီးနားထောင်ကြည့်တယ်။ ပုံမှန်အတိုင်းခုန်နေတဲ့ နှလုံးခုန်သံဟာ Jimin ကိုပိုပြီးစိတ်ပူစေတယ်။
ဘယ်အချိန် ဒီနှလုံးခုန်သံရပ်သွားမလဲဆိုပြီးတော့ပေါ့။
"နိုးနေတုန်းလား Jimin?"
"ငါအိပ်လိုက်လို့ နိုးလာတဲ့အချိန် မင်းမရှိတော့မှာစိုးရိမ်တယ်"
Taehyung သက်ပြင်းချမိတယ်။ ဒီရက်ပိုင်းတွေမှာ Jiminရဲ့ မအိပ်တဲ့ညတွေပိုပိုများလာတာ သူအသိဆုံး။
"ငါကအမြဲတမ်းရှိနေမှာလေ...မင်းကိုထားမသွားဘူးလို့"
"စစ်...စစ်ဖြစ်ခဲ့ရင် မင်းကငါ့ကိုတိုက်ပွဲကြားထဲမဝင်အောင်လုပ်ထားမှာလေ။ ငါမသိလိုက်တဲ့အချိန်မှာ မင်းထွက်သွားပြီးပြန်မလာခဲ့ရင်-
"Jimin ငါပြောတာနားထောင်"
ရင်ဘတ်ပေါ်ကနေသူ့ကိုမော့ကြည့်နေတဲ့ Jimin ရဲ့မျက်ခမ်းစပ်လေးတွေဟာနီရဲလို့။ မျက်တောင်နုနုတွေပေါ်မှာလည်း စိုစွတ်လို့နေတယ်။
"ငါပြောခဲ့ပြီးသားပဲမလား။ ကမ္ဘာများစွာ အပြစ်ဒဏ်ခံရရင်တောင် မင်းအတွက်ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တာမလို့နောင်တမရဘူးလို့။ အဲ့အစား ကျွန်တော့ရဲ့ Jimin က အန္တရာယ်ကင်းကင်းရှိနေဖို့ပဲလိုတာလို့။ ငါသေတဲ့ထိမင်းကိုကာကွယ်သွားမှာ Jimin...ငါအရိုးတခြား အသားတခြားဖြစ်သွားလဲ မမှုဘူး"
"တကိုယ်ကောင်းမဆန်စမ်းနဲ့ Taehyung! ငါ့ကိုအသက်နဲ့လဲပြီးကာကွယ်သွားရင် ငါကရော?! ဟမ် ငါက တစ်ယောက်တည်းကျန်နေခဲ့ပြီးဘာလုပ်ရမှာလဲ? မင်းမရှိတော့တဲ့လောကမှာငါကဘာလုပ်နေရမှာလဲလို့!"
"Jimin ငါ-
"ငါ့အတွက်နဲ့...ငါ့အတွက်နဲ့ထပ်ပြီးတော့ ဒုက္ခမခံနဲ့။ Tae မင်းက ငါမသိလိုက်တဲ့အချိန်တွေမှာဘယ်လောက်တောင်ပင်ပန်းခဲ့ရမလဲ? ငါမင်းကိုဒီထက်ပိုပြီးမပင်ပန်းစေချင်ဘူး Taehyung။ အဲ့ဒါကြောင့်...ဒီတစ်ခါကစပြီး ငါကမင်းကိုကာကွယ်မယ်"