T W E N T Y - E I G H T

207 27 0
                                    

Unicode

Sweven Forest <

အိပ်မက်တောအုပ်ဟာ မြူတွေပြည့်လို့နေတယ်။ သေဆုံးပြီးသားဝိဉာဉ်တွေကလည်း လေနဲ့အတူရွေ့လျားလို့ပေါ့။ လူသားဝိဉာဉ်တွေဟာ ကောင်းကင်ဘုံနဲ့ငရဲဘုံကိုမကူးနိုင်ခင်မှာ Sweven Forest ထဲမှာနေကြရပါတယ်။

တောအုပ်ရဲ့အလယ်မှာတော့ တိုက်ပွဲဟာစတင်နေပြီ။ လက်နက်ချင်းထိမိချိန်တိုင်းမှာ မီးပွားတွေဟာဖွာခနဲ။ နတ်သားတစ်ပါးရဲ့ ခန္ဓာကိုယ်ကနေကွဲထွက်သွားတဲ့ခေါင်းနဲ့အတူ သွေးတွေဟာဖြာခနဲ။

Asmodeus ဦးဆောင်တဲ့ နတ်ဆိုးစစ်သည်တွေဟာ သူတို့ကိုထိပါးလာတဲ့ နတ်သားစစ်သည်တွေကိုအမဲဖျက်သလို တိုက်ခိုက်နေကြတယ်။ တစ်ဖက်က Archangel Nathaniel ဦးဆောင်တဲ့ စစ်သည်နတ်သားတွေဟာလည်း နတ်ဆိုးတွေအပေါ်မုန်းတီးစွာနဲ့ တိုက်ပွဲဝင်နေကြလေရဲ့။

Seokjin ဦးဆောင်တဲ့ Black Sheep Coven က စုန်းတွေကတော့ နတ်ဆိုးတွေဘက်ကနေအားဖြည့်ကူပေးနေတယ်။

"နင်တို့အပေါ်ထပ်ကသူတွေက ပြဿနာကိုမကြီးကြီးအောင်စွတ်လုပ်ကြတာပဲ!"

Impius တစ်ယောက်နတ်သားတစ်ပါးကို ဓားနဲ့ထိုးပြီးပြောလေတယ်။ အချိန်တွေကြာသွားတာတောင် အကျင့်မပျောက်သေးတဲ့နတ်သားတွေကို ထိုစုန်းမကသိပ်ကြည့်လို့မရပေ။

"IMPIUS!"

Yoongi ရဲ့ အော်သံနဲ့အတူ လှံရှည်ဟာ သူမရဲ့ရင်ဘတ်ကို ကျောကနေထိုးဖောက်သွားခဲ့တယ်။ ထိုနတ်သားဟာ အညှာအတာမဲ့စွာနဲ့ပဲ စုန်းမရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့လှံရှည်နဲ့ ထပ်မံပိုင်းဖြတ်လေတယ်။ နောက်ဆုံးခေါင်းကိုဖြတ်ဖို့အတွက်အလုပ်မှာ နတ်သားရဲ့ အတွင်းကလီစာတွေအေးစက်သွား‌တယ်။

မော့အကြည့်မှာ သူ့ရှေ့မှာရပ်နေသူက Yoongi။ တုန်ယင်နေတဲ့လက်ချောင်းတွေကနေ ရေခဲငွေ့တွေဆက်တိုက်ဆိုသလိုထွက်ပေါ်နေလေရဲ့။ Yoongi သူ့လက်သီးကိုဆုပ်လိုက်ချိန်မှာတော့ Impius ကိုသတ်ခဲ့တဲ့ နတ်သားရဲ့ဇီဝိန်ချုပ်ငြိမ်းသွားပါတယ်။ ရေခဲရိုက်သလိုဖြစ်နေတဲ့ နတ်သားရဲ့ခန္ဓာဟာ ပြာနှမ်းလို့ရယ်။

ရင်ဘတ်ကနေ ကိုယ်နှစ်ပိုင်းပြတ်သွားတဲ့ Impius  ရဲ့ပွင့်နေတဲ့မျက်လုံးတွေကိုကြည့်ရင်း Yoongi ငိုကြွေးတယ်။ သူ့ရဲ့မိသားစုဝင်တစ်ယောက်ထပ်ဆုံးရှုံးသွားခဲ့ပြီ။

- twitterpated -Where stories live. Discover now