Unicode
ဒီနေ့က Jimin စောင့်ရှောက်ရတဲ့ ကောင်လေးရဲ့ ဆယ့်ခုနစ်နှစ်ပြည့်မွေးနေ့။အမေရိကန်သွေးနှောကလေးလေးမို့လို့လားမသိ တခြားကလေးတွေထက်နည်းနည်းပိုထွားတယ်။
စောင့်ရှောက်လာခဲ့တဲ့ ခြောက်လတာအချိန်အတွင်းမှာ ဒီကလေးလေးကလူကြီးပေါက်လေးဖြစ်လာပြီ။ Jeon Justin လေးကိုကြိုက်တဲ့ကောင်မလေးတွေလည်းမနည်းမနော။ အင်းပေါ့ ငယ်ငယ်လေးနဲ့ချောမောနေမှတော့ စောစောစီးစီးစန်းပွင့်တာပဲပေါ့။
ဒီနေ့တော့ထူးထူးခြားခြားလေးဖြစ်သွားအောင် ဒီကောင်လေးကိုလက်ဆောင်ပေးရမယ်။
နတ်သား Jimin ဟာ သူ့အတွေးနဲ့သူပျော်နေပြီး ဘေးကရောက်လာတဲ့သူကိုတောင်သတိမထားမိချေ။
"မွှေးနေတာပဲ ခေါင်းလျှော်ရည်ပြောင်းထားတာလား"
"အဲ့ ဘာတုန်း! Tae ah! ဘယ်တုန်းကရောက်လာတာလဲ လန့်သွားတာပဲ"
"ရှေ့မကြည့်နောက်မကြည့်လျှောက်နေတဲ့မင်းကိုတွေ့လို့လေ။ မတော်လို့ မကောင်းဆိုးဝါးတွေက ဖမ်းသွားရင်ဘယ့်နှယ့်လုပ်မလဲ"
"စိတ်ပူတာနဲ့ ဆံပင်ကိုလာနမ်းတာနဲ့ဘာဆိုင်တုန်းလို့!
ပြီးတော့ ငါက Archangel Raphael ရဲ့ တပည့်ပါ။ တော်ရုံမကောင်းဆိုးဝါးကမကပ်ရဲဘူး ဟွန့်! အသာလေးလည်ပင်းညှစ်လိုက်လို့ရတယ်"
"ဘာလဲ? အဲ့လက်သေးသေးလေးတွေနဲ့လား? ပြပါဦး တိုင်းကြည့်ရအောင်"
ပြောရင်းဆိုရင်း Taehyung က Jimin လက်ကိုဆွဲပြီးသူ့လက်ဝါးအကြီးကြီးနဲ့တိုင်းကြည့်နေတယ်။ Jimin ကတော့ နတ်ဆိုးကောင်လေးရဲ့ ချောမောလွန်းတဲ့မျက်နှာကိုပဲငေးနေမိလေရဲ့။ စက္ကန့်အနည်းငယ်လောက် သူ့လက်ကိုထိတွေ့ပြီးတဲ့နောက်မှာတော့ Taehyung ကပြုံးတယ်။
လှလိုက်တာ။ နတ်ဆိုးတစ်ကောင်ကအဲ့လောက်လှလွန်းနေစရာလား။
"Jimin ရေ"
"ဟင်"
"မင်းရဲ့ခန္ဓာကိုယ်မှာငါဘယ်နေရာကိုအကြိုက်ဆုံးလဲသိလား?"