Unicode
မီးတောက်တွေ သွေးအိုင်တွေ လက်နက်ချင်းထိမိသံတွေ...
ဘယ်ဘက်အခြမ်းမှာ မျက်နှာသေချာမမြင်ရတော့တဲ့ နတ်ဆိုးတစ်ယောက်ရဲ့အလောင်း....ဟောင်းလောင်းပေါက်ဖြစ်သွားတဲ့ ရင်ဘတ်မှာတော့ သွေးတွေခြောက်စပြုနေပြီ
အော်သံတွေ...စူးစူးရှရှအော်သံတွေကလည်း ပဲ့တင်ထပ်နေတဲ့အလား
ဒါဟာစစ်မြေပြင်ပဲ။
နှစ်ပေါင်းအများကြီးကြာပြီးမှ တစ်ဖန်ပြန်ဖြစ်လာတဲ့စစ်မြေပြင်ပဲဖြစ်တယ်။
သစ်ပင်ကြီးအောက်မှာတော့ ကောင်လေးနှစ်ယောက်...တစ်ယောက်ကလှဲလျောင်းရင်း တစ်ယောက်ကတော့ လှဲနေတဲ့သူကိုပွေ့ထားရင်း...
ပြီးတော့ အမှောင်ထုကြီး။
အသက်မနည်းရှူရင်း Yoongiနိုးလာခဲ့တယ်။ မက်ခဲ့တဲ့ အိပ်မက်ကြောင့် အသက်ရှူရတာခက်ခဲနေတုန်း။ ဘေးကိုကြည့်မိတော့ အိပ်မောကျနေဆဲဖြစ်တဲ့ Seokjin။
တုန်ယင်နေတဲ့လက်ကို Seokjin ရဲ့လက်ထဲထည့်လိုက်တော့ အိပ်ပျော်နေတဲ့သူက ခပ်တင်းတင်းဆုပ်ပေးတယ်။ အိပ်ယာထဲပြန်လှဲပြီး နောက်လက်တစ်ဖက်နဲ့ Seokjin ရဲ့ မျက်နှာကိုပွတ်သပ်ပေးမိတဲ့အချိန်မှာ Yoongi ရဲ့ရှင်သန်မှုက ပြည့်စုံသွားသလိုပဲ။
ဒီလိုအခိုက်အတန့်လေးတွေ...ကမ္ဘာကြီးမီးလောင်ပြာမကျသွားခင် ဒီလိုအခိုက်အတန့်လေးတွေအများကြီးလိုချင်သေးတယ်ဆိုရင် Yoongi လောဘကြီးရာများကျသွားမလား။
×°×
"နင်ထွက်သွားလို့မရဘူး Ezekiel!"
အော်သံကို လျစ်လျှူရှုပြီး Ezekiel ရဲ့ခြေလှမ်းတွေကပိုသွက်လာတယ်။
ကောင်းကင်ဘုံမှာအကုန်ပြောင်းလဲနေပြီ။ Mariam ကို အဲ့ဒီနတ်ဆိုးဖမ်းသွားပြီးကတည်းကပေါ့။ အောက်ဘုံကိုစစ်ကြေညာချင်တဲ့နတ်သားအကြီးအကဲတွေနဲ့နောက်လိုက်တွေရယ်ကတစ်ဖက် ညှိနှိုင်းပြီးတော့ အေးဆေးနေချင်တဲ့အုပ်စုကတစ်ဖက်။