| Prologue |

2K 204 4
                                    

Unicode

"ဝေးဝေးသွားစမ်း"

"အဆင့်နိမ့်တဲ့ မကောင်းဆိုးဝါး"

"မင်းလိုနိမ့်ကျတဲ့နတ်ဆိုးနဲ့ ငါတို့မကစားချင်ဘူး"

အလှောင်ရယ်ခံ နတ်ဆိုးကလေးငယ်....

တစ်ကိုယ်တည်း အထီးကျန်ကလေးငယ်....

မျိုးရိုးမသိ နောက်ခံမရှိတဲ့ ဒီနတ်ဆိုးကောင်လေးဟာ ငယ်ငယ်တည်းက တစ်ယောက်တည်း။

ဘယ်သူကမှ ခေါ်ယူမမွေးစားချင်သလို ဘယ်သူကမှလည်းသူနဲ့မကစားချင်ကြဘူး။

သူတစ်ယောက်တည်းပုံ‌ဆွဲတယ် တစ်ယောက်တည်းကစားတယ်။

ချစ်စရာကောင်းတဲ့နတ်သားလေး ကသူ့ကိုမတွေ့ခင်ထိပေါ့။

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

"....."

"ငါနဲ့တူတူဆော့ရအောင်လေ"

"....."

"ငါနဲ့မဆော့ချင်လို့လား?"

"....." 

တစ်ကိုယ်တည်းငြိမ်ငြိမ်လေးနေနေရတဲ့ နတ်ဆိုးကောင်‌လေးအတွက် တူတူကစားဖို့လာခေါ်တဲ့ နတ်သားလေးကထူးဆန်းလွန်းတယ်။

မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ ချစ်စရာကောင်းတဲ့ နတ်သားကောင်လေးက သူ့လို နတ်ဆိုးလေးနဲ့ဘာလို့ကစားချင်ရတာလဲ ဆိုပြီးတွေးမိပြန်တယ်။

ဒါပေမယ့် သူမသိလိုက်ခင်မှာပဲ သူကိုယ်တိုင်နတ်သားလေးနဲ့ ခင်မင်ချင်သွားခဲ့တယ်။

"ငါ့နာမည် Taehyung"

"Taehyung?? Taehyunggie!"

"အင်း....ငါနာမည် Taehyung"

"ငါက Jimin. Taehyunggie ငါနဲ့သူငယ်ချင်းလုပ်ရအောင်"

"....အင်း Jimin ah ငါနဲ့ သူငယ်ချင်းဖြစ်ရအောင်"

"Taehyunggie >.< "

"Jimin ah *\0/* "

နတ်သားပေါက်စလေးနဲ့ နတ်ဆိုးသေးသေးလေးတို့ဟာ အနာဂတ်မှာဖြစ်လာမယ့် အရာတွေကိုမသိပဲနဲ့ ပျော်ရွှင်နေခဲ့တယ်။ ဒီကလေးငယ်နှစ်ယောက်ဟာ နောင်ရော ဆက်ပြီးပျော်ရွှင်နေနိုင်ပါ့ဦးမလား.....

Zawgyi

"ဝေးဝေးသွားစမ်း"





"....."


"....."


"....."




"ငါ့နာမည် Taehyung"

"Taehyung?? Taehyunggie!"

"အင်း….ငါနာမည် Taehyung"



"Taehyunggie >.< "

"Jimin ah *\0/* "


- twitterpated -Donde viven las historias. Descúbrelo ahora