Unicode
"JIMINNNNN!!!!"
"JIMINNNNNNNN"
"Aish...စောစောစီးစီးခေါင်းကိုက်အောင်လုပ်ပြန်ပြီ ဒီကောင်လေးကတော့ Jimin ရေ"
အကြီးအကဲ Jung တစ်ယောက် မနက်အစောကြီး နတ်သားပျောက်ရှာနေရခြင်းပင်။ စည်းကမ်းကြီးတဲ့ နတ်သားအကြီးအကဲဖြစ်တာကြောင့်ရယ် သူကိုယ်တိုင်က ဒီအလုပ်ကိုကြိုက်တာကြောင့်ရယ်သာ Hoseok တစ်ယောက် လူ့ဘုံအရပ်မှာ လာပြီး နတ်သားပေါက်စလေးတွေကို သင်ကြားပေးနေရတာ။ သူသင်ပေးလိုက် လမ်းညွှန်ပေးလိုက်တဲ့ နတ်သားတော်တော်များများဟာလည်း အကြီးအကဲနီးပါး ထက်မြက်ပြီးတော့ စည်းကမ်းကြီးကြတယ်။ အဲ့လိုဂုဏ်သတင်းတွေကြောင့် နတ်သားအများစုက အကြီးအကဲ Jung ဆီမှာလာပြီး တပည့်ခံချင်ကြတာ။ ဒီကလေးကလွဲလို့။
ဒီ Jimin ဆိုတဲ့ နတ်သားလေးက သူ့သဘောနဲ့သူ ပညာလာဆည်းပူးတာမဟုတ်ဘူး။ သူကိုယ်တိုင် ဒီကလေးကိုခေါ်လာခဲ့တာ။ အဲ့တုန်းကတော့ လိမ္မာပြီး စကားနားထောင်တဲ့ကလေးလို့ထင်ခဲ့တာပေါ့။ အိုးး အခုမှ ဆော့လိုက်တာများ ဖမ်းလို့တောင်မမိတော့ဘူး။ မနက်တိုင်းလည်းဘယ်ရောက်လို့ရောက်သွားမှန်းမသိ ပြန်လာရင်လည်းပေကျံလို့။ ဒီကလေးကတော့ နည်းနည်းလေးတော့ဆူမှရတော့မယ်လေ လို့တွေးရင်း အကြီးအကဲ Jung နောက်တစ်ခါ ထပ်အော်ခေါ်လိုက်တယ်။
"JI…
"အကြီးအကဲ Jung ကျွန်တော့ကိုရှာနေတာလား"
"အဟွတ် ဟွတ် သေပါပြီ Jimin မင်းဘယ်တွေသွားနေတာလည်းဟမ် ပြောစမ်း"
"ဟို ကျွန်တော်က.."
"ငါ့ဆီပညာသင်မယ်ဆိုရင် ငါ့စည်းကမ်းကိုလိုက်နာရမယ်လို့ပြောခဲ့လား မပြောခဲ့ဘူးလား"
"....."
"Jimin ဆရာက မေးခွန်းမေးရင်?"
"ပြန်ဖြေရပါမယ်"
"ဘယ်သွားနေတာလဲမင်းကဟမ်"
"အနောက်ဘက်ကတောထဲသွားတာပါ"
Hoseok နဲ့ Jiminနေတဲ့ အိမ်လေးရဲ့ အနောက်ဘက်ကတောအုပ်။ ရုတ်တရတ်ကြည့်ရင်သာမန်တောအုပ်ငယ်လေးပေမယ့် အဲ့တောအုပ်ကရတဲ့ အငွေ့အသက်တွေကတော့ ပုံမှန်မဟုတ်ဘူး။ Hoseok ကခုချိန်ထိတော့ သူ့အစွမ်းနဲ့ စည်းချထားနိုင်ပေမယ့် Jimin လိုဘာမှမသိတဲ့ကလေးက အဲ့စည်းကိုကျော်သွားရင် မတွေးရဲစရာတွေဖြစ်လာနိုင်တယ်။ Hoseok စိတ်ထဲကအပူလုံးကတဖြည်းဖြည်းကြီးလာလေရဲ့။