Unicode
Raphael တစ်ဖြစ်လည်း အကြီးအကဲ Jung က Jimin ရောက်နေတာကိုမသိသေး။ အရှေ့မှာရှိနေတဲ့ အညိုရောင်လဲ့လဲ့ယမကာခွက်ကိုကုန်အောင်သောက်နေလေတယ်။ Jimin တစ်ယောက် ဆရာဖြစ်သူကိုကြည့်ရင်းစိတ်ထဲအဆင်မပြေတော့။
"ဆရာ ဒီကိုဘယ်လိုဖြစ်လို့ရောက်နေတာလဲ?"
"ဪ Jimin ဒီနေ့မအားဘူးဆိုပြီးတော့ မင်းကရော ဒီကိုဘယ်လိုဖြစ်လို့ရောက်နေတာလဲ?"
"အဲ…… ကျွန်တော်က သူငယ်ချင်းနဲ့တူတူလာတာ"
"ပြန်တွေ့ရတာဝမ်းသာပါတယ် Raphael"
အနောက်ကနေထွက်လာတဲ့အသံရယ် လက်မောင်းပေါ်ကိုရောက်လာတဲ့ခံစားချက်အချို့ရယ်ကြောင့် Jimin လှည့်ကြည့်မိလိုက်တော့ Taehyung ကသူ့ကျောနားမှာကပ်လျက်။ အကြည့်ချင်းဆုံသွားတော့ နတ်ဆိုးကောင်လေးက ပြုံးရင်းနဲ့ မျက်လုံးတစ်ဖက်အသာလေးမှိတ်ပြတယ်။
နတ်သားလေးရဲ့ရင်ဘတ်ထဲတစ်ခုခုလှုပ်ရှားသွားသလိုပဲ။
"ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရရဲ့လား ကောင်လေး?" Hoseok က ခပ်အေးအေးလေသံနဲ့မေးတယ်။
"အကောင်းဆုံးတော့မဟုတ်ပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးရှင်သန်ခဲ့ပါတယ်"
Jimin တစ်ယောက်သူ့ရဲ့ဆရာနဲ့ သူငယ်ချင်းဖြစ်သူပြောနေတာတွေကို အသာလေးငြိမ်ပြီးနားထောင်နေမိတယ်။ သူ့လိုပဲ နတ်သားအကြီးအကဲနဲ့ နတ်ဆိုးကောင်လေးရဲ့ စကားတွေကိုငြိမ်ငြိမ်လေးနားထောင်နေတာကတော့ Seokjin နဲ့ Yoongi
အတော်ကြာတိတ်ဆိတ်ပြီးနောက်မှ Yoongi ရဲ့ချောင်းဟန့်သံကြောင့် သုံးယောက်လုံး သူ့ဆီကိုလှမ်းကြည့်မိကြတယ်။
"ဘာသောက်ကြမှာလဲ ဘာမှမသောက်ပဲတော့ဆိုင်ထဲဝင်မလာနဲ့လေ"
ရုတ်တရတ်ဆန်လွန်းတာကြောင့် Jimin အူကြောင်ကြောင်နဲ့ ထိုအသားဖြူဖြူခပ်ချောချောလူကိုကြည့်နေမိတယ်။
ထိုသူကလည်း Jimin ကိုတစ်လှည့် Taehyung ကိုတစ်လှည့် မရယ်မပြုံးတဲ့မျက်နှာနဲ့ကြည့်နေလေတယ်။
ဒီလူကသူတစ်ခွက်တောင်ဝယ်မသောက်နိုင်ဘူးထင်နေတာများလား!! နတ်သားတွေရတဲ့လစာကမများပေမယ့် အနည်းဆုံး Soda တစ်ဘူးလောက်တော့ဝယ်သောက်နိုင်ကြောင်းပြရမယ်။