Extra [2] • သိုးမည်းများရဲ့ခေါင်းဆောင်

379 27 0
                                    

Unicode

Seokjin တို့မိသားစုဟာ အထင်ကရစုန်းမျိုးနွယ်စုတွေထဲမှာ နာမည်ကြီးတယ်။ သူတို့ကိုယ်သူတို့ စင်ကြယ်သောသူများလို့ဆိုကြသတဲ့။ သူများကရန်စရင်တောင် ပြန်မတုံ့ပြန်တဲ့သူမျိုးတွေပေါ့။

Seokjin ကသူ့ရဲ့မိသားစုကိုမုန်းတယ်။

အစ်ကိုဖြစ်သူကို သူ့ချစ်သူကောင်လေးနဲ့ခွဲပစ်တဲ့ မိသားစုကို သူမုန်းတယ်။

မတရားကျင့်ခံရတဲ့ ညီမဖြစ်သူကိုမြေအောက်ခန်းထဲထည့်ပိတ်ပြီး နှိပ်စက်တဲ့မိသားစုကို သူမုန်းတယ်။

အငယ်ဆုံးညီမကို အဲ့ဒီမုဒိန်းကောင်နဲ့ပေးစားဖို့ ကြံစည်နေတဲ့မိသားစုကို သူမုန်းတယ်။

သိုးမွှေးခြုံထားတဲ့ ဝံပုလွေလိုမိသားစုကို သူမုန်းတယ်။

မုန်းတီးခြင်းတွေအပြည့်ဖြစ်နေခဲ့ပြီး တစ်ရက်မှာတော့ သူမုန်းသမျှသူတွေကို Seokjin ဟာ အစအနမကျန်အောင်သတ်ဖြတ်လိုက်ပါတော့တယ်။

မင်္ဂလာပွဲ....အဖြူရောင်ဝတ်စုံနဲ့သတို့သားဟာ အသက်မရှိတော့။ ပွဲကျင်းပရာတောအုပ်ကတော့ မီးတောက်တွေအပြည့်နဲ့။

ဟား....နေသာထိုင်သာရှိလိုက်တာ...အမှိုက်တွေရှင်းပြီးသွားတော့ နေသာထိုင်သာရှိလိုက်တာ....

အဲ့ဒီနေ့ကစပြီး Seokjin ဟာ ရက်စက်ကြမ်းကြုတ်တဲ့သူအဖြစ် သတ်မှတ်ခံလိုက်ရတယ်။

ပိတ်ထားတဲ့တံခါးတွေနောက်ကအဖြစ်မှန်တွေကို မသိသူတွေအတွက် Seokjin ဟာ မိသားစုကိုသတ်ပြီး ကြောက်စရာကောင်းတဲ့ ရက်စက်တဲ့ စုန်းတစ်ယောက်ဖြစ်ပေမယ့်လို့ အပယ်ခံစုန်းတွေအတွက်တော့ သူဟာ ကယ်တင်ရှင်ဖြစ်လာခဲ့တယ်။

နှစ်တွေတဖြည်းဖြည်းကြာလာတာနဲ့အမျှ သိုးမည်းအုပ်လို့ခေါ်ကြတဲ့ Black Sheep Coven ဟာ တစ်စတစ်စကျယ်ပြန့်လာပြီး Seokjin ဟာလည်း တစ်ချိန်ကသူ့ကိုအပြစ်တင်ခဲ့တဲ့သူတွေထက်ပိုပြီး အင်အားကြီးမားလာလေတယ်။

ဒါပေမယ်...သူဟာ အထီးကျန်တယ်။ သူ့ကိုလေးစားသူတွေအများကြီးရှိသော်လည်း...သူ့ကိုနတ်ဘုရားတစ်ပါးလိုကိုးကွယ်တဲ့နောက်လိုက်တွေရှိသော်လည်း ချစ်ခြင်းမေတ္တာကိုမခံစားခဲ့ရတဲ့ Seokjin ဟာ အထီးကျန်ပါတယ်။

- twitterpated -Donde viven las historias. Descúbrelo ahora