Unicode
တစ်ပတ်ဆိုတဲ့အချိန်ဟာ Jimin အတွက်တော့ရာစုနှစ်ကြီးတစ်ခုလိုပဲ။ အလွန့်ကိုမှ ကြာညောင်းလွန်းတယ်။တစ်ပတ်အတွင်းမှာ Jimin ရဲ့တောင်ပံချိုးခံရတဲ့ဒဏ်ရာတွေဟာစပြီးကျက်စပြုနေပြီဖြစ်တယ်။ လှုပ်ရှားမှုအများကြီးလုပ်ရင် နာကျင်နေသေးတာကလွဲလို့ပေါ့။
သူ့ရဲ့ဖြူလျနေတဲ့မျက်နှာလေးမှာလည်း ပန်းရောင်သန်းစပြုလာပြီဖြစ်သလို နှုတ်ခမ်းဖူးဖူးလေးဟာလည်း ချယ်ရီသီးရောင်လေးလွှမ်းနေလေရဲ့။ ပြောရရင် နတ်သားဟောင်းလေးဟာ သူ့ရဲ့နာကျင်စရာအတိတ်ကနေစပြီးလွတ်မြောက်ဖို့ပြင်နေပြီပေါ့။
တံခါးခေါက်သံကြောင့် Jimin ဖတ်လတ်စစာအုပ်ကိုပိတ်ပြီး အပြင်ကသူကိုဝင်လာဖို့ပြောလိုက်တယ်။
"အာ Yoongi hyung ကျွန်တော်အဆင်သင့်ဖြစ်ရင်အောက်ဆင်းလာမယ်ပြောတာပဲကို အခုလောက်ထိမလုပ်ပေးပါိနဲ့"
"သက်သာနေပြီဆိုတိုင်းလှုပ်ရှားရင်းနဲ့အရှင်းပျောက်ဖို့ကြာသွားလိမ့်မယ်လေ။ ပြီးတော့ မင်းကိုစားစရာယူလာပေးရတာဘာမှမခက်တာပဲကို"
"ကျေးဇူးပါ hyung ပြီးတော့…."
"ပြီးတော့ဘာဖြစ်လဲ?"
"ကျွန်တော့ကြောင့်အလုပ်ရှုပ်စေလို့တောင်းပန်ပါတယ်။ ကျွန်တော်ကပဲအမြဲတမ်းလက်ခံပေးနေရပြီး ဘာမှပြန်မလုပ်ပေးနိုင်လို့လည်း အားနာမိတယ်"
Yoongi ဘာမှပြန်မပြောပဲ စောင်ပုံထဲကနတ်သားလေးကိုစိုက်ကြည့်နေမိတယ်။ ပြီးတော့မှ အနှီကောင်လေးရဲ့မျက်လုံးနားရောက်နေတဲ့ ဆံပင်လေးတွေကို ဖြည်းဖြည်းချင်းဖယ်ပေးရင်းပြောတယ်။
"အားနာစရာလည်းမလိုသလို တောင်းပန်ဖို့လည်းမလိုဘူး။ အကူအညီလိုအပ်နေတဲ့သူကိုကူညီရမှာ သိုးမည်းတွေရဲ့တာဝန်ပဲလေ။ ပြီးတော့ Taehyung ရဲ့လူဖြစ်တဲ့မင်းက hyung တို့ရဲ့ကလေးပဲ။ အဲ့ဒါကြောင့် ကိုယ်ကိုကိုယ်အရမ်းဖိအားမပေးနဲ့"
"ဒါပေမယ့်လည်း ကျွန်တော်တစ်ခုခုတော့ပြန်လုပ်ပေးချင်တယ်လေ။ Bar အတွက်ဝိုင်းကူပေးရမလား?"
![](https://img.wattpad.com/cover/229114775-288-k704504.jpg)