T W O

1.1K 183 5
                                    

Unicode

သစ်ရွက်ကြားကနေဖြာထွက်လာတဲ့ နေရောင်ခြည်နုနုဟာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကောင်လေးရဲ့ပုံဆွဲစာအုပ်ပေါ်ကိုအ‌လင်းပေးနေတယ်။ စာအုပ်လေးထဲမှာတော့ကြောင်ပုံလေးတွေ ယုန်ပုံလေးတွေ ပန်းပွင့်လေးတွေစသဖြင့် ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေဆွဲထားလေရဲ့။

အဲ့ဒီပုံလေးတွေအပြင် မျက်လုံးလေးတွေ နှုတ်ခမ်းဖူးဖူးလေးတွေရယ် လက်သန်းသေးသေးလေးကိုလည်းထည့်ဆွဲထားသေးတယ်။

"ချစ်ဖို့ကောင်းတဲ့ Jiminnie"

နတ်ဆိုး‌ကောင်လေးဟာ သူဆွဲထားတဲ့ သူငယ်ချင်းနတ်သားလေးရဲ့ ပုံလေးကိုလက်နဲ့ထိပြီး တိုးတိုးလေးပြောလိုက်တယ်။

"Taehyunggieee"

အသံသေးသေးလေးနဲ့ သူ့နာမည်ခေါ်ပြီး ပြေးလာတဲ့သူငယ်ချင်းနတ်သားလေး။ လက်ထဲမှာလည်းစားစရာမုန့်တွေထည့်ထားတဲ့ ခြင်းနဲ့။

"Jimin ah , ဒီနေ့ဘာဖြစ်လို့နောက်ကျနေတာလဲ"

"ငါ့ဆရာက အစောကြီးလေ့ကျင့်စရာတွေလေ့ကျင့်ခိုင်းနေလို့။ ပြီးတော့မနေ့က မနက်ပိုင်းလေ့ကျင့်ချိန်ကိုလွတ်ထားလို့ နှစ်ရက်စာလေ့ကျင့်လိုက်ရတယ် အီးးးဟီးးးး"

"အိုက်ဂူး.. ငါ့သူငယ်ချင်းလေးပင်ပန်းသွားပြီ! ဒီနေ့ရော တောထဲမှာပန်းသွားခူးကြဦးမလား"

"အာ.....အဲ့တောအုပ်လား?"

Jimin တစ်ယောက် အတွေးတွေများနေပြီး Taehyung မေးတာကိုတော်တော်ကြာအောင်ပြန်မဖြေမိ။ ခေါင်းထဲမှာလည်း မနေ့က ဆရာပြောတဲ့ အဲ့တောအုပ်ထဲထပ်မသွားရဘူးဆိုတာကိုပဲ ထပ်တလဲလဲကြားယောင်နေမိတယ်။

"...min ah....Jimin ah"

"ဟင်...အမ် ဘာလဲဟင်"

"ဘာဖြစ်သွားတာလဲလို့ အကြာကြီးပဲ ငိုင်နေတာ"

"........"

"ဘာဖြစ်လို့လဲ Jiminnie?? နေမကောင်းဘူးလား ငါစမ်းပေးမယ်"

ပြောရင်းနဲ့ Jimin ရဲ့နဖူးပေါ်ကို Taehyung ရဲ့လက်ကလေးရောက်သွားတယ်။

"Taehyunggie အခုဘာလုပ်နေတာလဲ"

"အင်း အဖျားလည်းမရှိပါဘူး ဘာဖြစ်လို့ နေမကောင်းတဲ့ရုပ်ဖြစ်နေတာလဲ Jimin ah"

- twitterpated -Tempat cerita menjadi hidup. Temukan sekarang