T W E N T Y - O N E

543 72 9
                                    

Unicode

မှောင်မည်းပြီးအေးစိမ့်လျက်ရှိသော မြေအောက်တိုက်ခန်းတစ်ခု။

ခပ်ကျယ်ကျယ်အမှောင်ခန်း၏အလယ်တွင် မှိန်ပျပျမီးသီးတစ်လုံးကတွဲလောင်းခိုလျက်။

အခန်းနံရံတွင်တော့ သံကြိုးများဖြင့်အသားများပွန်းပဲ့သည်ထိ ချုပ်နှောင်ခံထားရသော နတ်သားတစ်ပါး။ ဖြူဖွေးသောအတောင်ပံ‌တို့တွင် သွေးစက်တို့ကြောင့် နီရဲနေသည်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်။ တစ်ချိန်ကသန့်စင်ခဲ့သောမျက်နှာမှာ ဒဏ်ရာများအပြည့်။ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများဖြင့်ပြည့်နှက်ပြီး လူသားတစ်ယောက်သာဆိုလျှင်သေပင်သေစေနိုင်သည်ထိ ဆိုးရွားလွန်းလှသည်။

သံတံခါးအထူကြီး၏ခပ်ကျယ်ကျယ်ပွင့်လာသံကြောင့် ထိုနတ်သားမှာစိုက်ထားသောခေါင်းကိုဖြည်းဖြည်းချင်းမော့ကြည့်လိုက်လေသည်။

“မင်းတို့ထပ်ပြီးနှိပ်စက်လည်းငါကပြောမှာမဟုတ်ဘူး!! နတ်ဆိုးတွေ!!”

လက်တစ်ဖက်မှာ စားစရာဗန်းကိုင်ပြီးဝင်လာတဲ့နတ်ဆိုးဟာ သက်ပြင်းတစ်ချက်ချတယ်။

“မင်းကိုနှိပ်စက်ဖို့လာတာမဟုတ်ဘူး။ အစားအစာလာပို့တာ”

“ဘာကိစ္စခုမှလာအချိုသပ်ပြနေတာလဲ?! အဆိပ်ခတ်ထားတာလား?”

နတ်ဆိုးဟာ နတ်သားရဲ့စွပ်စွဲချက်ကိုခပ်ဟဟရယ်တယ်။ ပြီးတော့ဖြည်းဖြည်းချင်းဆီ နတ်သားချုပ်နှောင်ခံထားရတဲ့နေရာကိုသွားပြီး နတ်သားကိုစေ့စေ့ကြည့်ပြီးပြောတယ်။

“အဆိပ်ခတ်ခတ် မခတ်ခတ် မင်းကသေမှာပဲလေ! ဘာကိစ္စငါကအလုပ်ရှုပ်ခံရမှာလဲ?”

“မစားဘူး!”

“မစားလို့မရဘူး နတ်သားရဲ့။ အစားမစားရင် အသက်ဘယ်လိုလုပ်ဆက်ရှင်မလဲ။ အသက်မရှိတော့ရင် ထပ်နှိပ်စက်လို့မရတော့ဘူးလေ။ ပြီးတော့...

အဆိုပါနတ်ဆိုးရဲ့စကားမဆုံးခင် သံတံခါးကထပ်ပြီးပွင့်လာတယ် ဒီတစ်ခါဝင်လာတာကတော့အေးတိအေးစက်မျက်လုံးတွေနဲ့နတ်ဆိုးတ‌စ်ယောက်။

“Oii Taehyung ~ အစောကြီး?”

“အင်း Jimin ဆေးရှိန်နဲ့အစောကြီးအိပ်ပျော်‌သွားလို့။ အဲ့နတ်သားဘာတွေလျှာရှည်နေတာလဲ?”

- twitterpated -Where stories live. Discover now