E L E V E N

755 129 4
                                    

Unicode

နွေဦးမနက်ခင်းရဲ့ အလှတရားတွေဟာ Jiminရဲ့တစ်နေ့တာကို ပြုံးပျော်စေဖို့လိုအပ်တဲ့အရာတွေပဲဖြစ်တယ်။

ငှက်ကလေးတွေရဲ့ ပိကျိပိကျိအသံလေးတွေ။ နွေးထွေးတဲ့ နေရောင်ဖျော့ဖျော့ရယ်။ လေပြည်သဲ့သဲ့လေးရယ်။ ပြီးတော့ အပင်ရေလောင်းနေတဲ့သူ့ကို အိမ်အောက်ကနေပြုံးပြီးကြည့်နေတဲ့ Taehyungရယ်။ 

ဟင်! Taehyung က ဘယ်ကဘယ်လိုရောက်လာတာလဲ??

အပင်ရေလောင်းနေရင်း ရေပုံးလေးကို ဘေးချပြီး ဝရန်တာကနေ အိမ်အောက်ကိုသေချာကြည့်လိုက်မိတယ်။ Taehyung က ခေါင်းလေးကို စောင်းပြီး သူ့ကို တာ့တာတောင်လုပ်ပြနေသေး။ 

"Tae ah! ဘယ်ကနေဘယ်လိုရောက်လာတာလဲ?"

"လာတွေ့မယ်ပြောထားတာကိုမေ့နေပြန်ပြီလား Jimin ssi?"

"ဘယ်ကသာ မေ့ရမှာလဲ။ တက်ခဲ့ နေပူမိလိမ့်မယ်"

အိမ်ပေါ်ကိုတက်လာမယ့် Taehyung ကိုစောင့်ရင်း Jimin အအေးဖျော်နေလိုက်တယ်။ ပျားရည်ထည့်ဖို့လုပ်နေတုန်းမှာပဲ အိမ်ရှေ့ကတံခါးခေါက်သံကြောင့် အပြေးလေးသွားပြီး တံခါးကိုဆွဲဖွင့်လိုက်တယ်။ အညိုရောင် တံခါးရဲ့ ဟိုဘက်ခြမ်းမှာတော့ ဆံပင်ပွပွနဲ့ နတ်ဆိုး‌တစ်ယောက်ရပ်ပြီး သွားဖြူဖြူလေးတွေပေါ်အောင်ရယ်ပြနေလေ‌ရဲ့။ အင်္ကျီအဖြူလက်ရှည်ပွပွကိုတံတောင်ဆစ်နားထိခေါက်တင်ထားပြီး လက်နှစ်ဖက်ကတော့ ကော်ဖီဖျော့ရောင်ဘောင်းဘီရှည်ရဲ့အိပ်ကပ်ထဲမှာပျောက်နေတယ်။ Taehyung ဟာအရမ်းကိုရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ နတ်ဆိုးတစ်ကောင်ပဲ။

"ကဲ ဆိုပါဦး။ ဘယ်တုန်းတည်းက အသံမပေးပဲနေပူကြီးထဲရပ်နေတာလဲ?"

"အင်းးးး မင်းပြုံးပြီး ရေစ,လောင်းနေတည်းကပဲ။ အကြာကြီးမဟုတ်ပါဘူး နာရီဝက်လောက်ပေါ့"

"ဟင် နာရီဝက်ကအကြာကြီးမဟုတ်ဘူးလား? မှန်းစမ်း"

Jimin တစ်ယောက် Taehyung ရဲ့ ဆံပင်ပွပွထဲကိုလက်ထိုးထည့်ပြီး စမ်းလိုက်တယ်။ ပူကျစ်နေတာပဲကို ဘယ်နားက အကြာကြီးမဟုတ်ရမှာလဲ။

- twitterpated -Where stories live. Discover now