F I F T E E N

665 118 9
                                    

Unicode

"မလာနဲ့ ဝေးဝေးမှာနေ"

Kyro နဲ့ Mycus တို့ နှစ်ယောက်သား ကြောက်လန့်တကြားပြောရင်း ‌လွတ်အောင်ပြေးဖို့ကြံနေတဲ့ ဆယ်ကျော်သက်ကောင်လေးကို အညှာအတာမဲ့စွာပြုံးပြနေကြသည်။

လူသားတွေရဲ့ကြောက်လန့်စိတ်က အရသာအရှိဆုံးပဲ။

သူတို့နှစ်ယောက်ကိုတာဝန်ပေးသွားတဲ့ ချစ်သူငယ်ချင်း Taehyung ကတော့ခုထိပေါ်မလာသေး။ ပေါ်လာမှာတောင်မဟုတ်တော့ဘူး ဒီလောက်ဆို။ သူတို့နှစ်ယောက်ပဲရှင်းရတော့မယ့် အရှုပ်ထုပ်ပေါ့ ဒီကောင်လေးက။

"ဒီနားတိုးလာခဲ့ပါကောင်လေးရဲ့ ငါတို့ကကိုက်မစားပါဘူး"

"မ..မလာခဲ့နဲ့ ဝေးဝေးသွား"

တဖြည်းဖြည်းနဲ့ပိုပြီးကြောက်ရွံလာပုံပေါ်တဲ့ ကောင်လေးကြောင့် နတ်ဆိုးညီအကိုနှစ်ယောက် ဟားတိုက်ပြီးရယ်မိလေတယ်။ 

ဒါပေမယ့်သူတို့ရယ်သံမဆုံးသေးခင်မှာပဲ တောက်ပတဲ့အလင်းတန်းနဲ့အတူ ကောင်လေးနဲ့ သူတို့ကြားကို နတ်သားတစ်ပါးရောက်ရှိလာခဲ့တယ်။ အဖြူရောင်ပိုးသားကဲ့သို့တောင်ပံရှည်တွေကိုဖြန့်ရင်းထိုနတ်သားက လူသားကောင်လေးကိုကာကွယ်လေတယ်။

"တဖြည်းဖြည်းရဲတင်းလာလိုက်တာ အစောင့်အရှောက်ခံရတဲ့ လူသားတွေကိုပါ တိုက်ခိုက်နေပြီပေါ့"

နတ်သား Jimin. 

Taehyung ရဲ့ အပြောနဲ့ အဝေးကမြင်ရတဲ့ပုံက ဒီတောက်ပနေတဲ့ နတ်သားရဲ့အလှတရားကိုသေချာမဖော်ပြ‌နိုင်ပေ။ 

နူးညံ့သယောင်မျက်နှာနုနုနယ်မှာ ဒေါသရိပ်တွေပေါ်နေခြင်းက စွဲဆောင်မှုတစ်မျိုးပင်။ ‌အဖြူရောင်တောင်ပံတို့က တိမ်ဖြူဖြူလွလွတို့ကိုသယ်ပိုးထားသ‌ကဲ့သို့ မျက်စိအေးစေသည်။ လက်ထဲက အသွားနှစ်ဖက်ချွန်လှံတံရှည်မှာလည်း သန်မာမှုအစုံကို ပြသနေသည်။ 

ထိုနတ်သားကို Taehyung ကတစ်ယောက်တည်းပိုင်ဆိုင်ချင်သည်မှာအပြစ်ဟုမဆိုသာ။ 

"Guardian Angel??? ကောင်းကင်ဘုံကသူတွေက စိတ်စွမ်းအင်ကောင်းတဲ့လူသားတိုင်းကိုစုနေတော့မှာလား?"

- twitterpated -Dove le storie prendono vita. Scoprilo ora