Unicode
"ကောင်းကင်ဘုံက ကျွန်တော့်ရဲ့အမြွှာကို စွန့်လွှတ်လိုက်ကတည်းက ခင်ဗျားတို့ကိုကျွန်တော်ကမုန်းပြီးသား"
Jungkook ရဲ့ တည်ငြိမ်နေတဲ့အသံဟာ လူတိုင်းကိုငြိမ်သက်စေတယ်။ နတ်ဆိုးတွေရော နတ်သားတွေရော စိတ်ဝင်တစားနားထောင်နေကြတယ်။
"အစ်ကိုတော်က အပြစ်မရှိပဲနဲ့ ချောက်ချခံခဲ့ရတာ။ ခင်ဗျားကဦးဆောင်ခဲ့တာပဲမဟုတ်လား Nathaniel!"
"ဘာပြောတယ်?! Lucifer က လူသားတွေအပေါ်ကိုချစ်ခင်မှုမပေးနိုင်လို့အဖေကနှင်ထုတ်ခဲ့တာပဲ။ အဲ့ဒါကိုအဖေမှားတယ်လို့ပါမင်းကပြောချင်နေတာလား?"
"အာ...ဟုတ်တာပေါ့။ ခင်ဗျားတို့တစ်သိုက်ပြောတာကိုပဲယုံကြည်ပြီး အစ်ကို့ကိုရှင်းပြခွင့်မပေးခဲ့တဲ့အဖေမှားတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ပုပ်နေတဲ့အမြစ်ကိုဆွဲထုတ်ပြီး အပင်အသစ်ပျိုးလို့ရတာပဲ"
"မင်း အခု...ငါ့ကိုပုပ်နေတဲ့အမြစ်လို့ခေါ်လိုက်တာလား?"
နတ်သားအကြီးအကဲရဲ့ စကားကိုဂရုစိုက်မနေပဲ Jungkookဟာ Jiminဘက်ကိုလှည့်ပြီးဆိုတယ်။
"ရှင်းထုတ်လိုက်တော့ Jimin။ သူ့ရဲ့အတောင်ပံတစ်ချောင်းတောင် ငါမမြင်ချင်ဘူး"
နတ်သားအကြီးအကဲကိုကာကွယ်ဖို့ကြိုးစားတဲ့ နတ်သားတွေဟာအပြိုပြိုအလဲလဲ။ အပြုံးမရှိတဲ့မျက်နှာနဲ့အတူ Jimin ဟာ လှံရှည်ရဲ့ချွန်မြနေတဲ့အသွားကို Nathaniel ရဲ့လည်ပင်းပေါ်တင်လိုက်တယ်။
"ဘယ်တုန်းကမှ ကျွန်တော်အကြီးအကဲနဲ့မတိုက်ခိုက်ချင်ခဲ့ပါဘူး။ ဒါပေမယ့်...အကြီးအကဲက ကျွန်တော့်ရဲ့ရှင်သန်နေရတဲ့အကြောင်းပြချက်ကိုဖျက်ဆီးလိုက်တယ်။ စိတ်မကောင်းပေမယ့် အကြီးအကဲက အသက်ရှင်မနေသင့်ဘူး"
တိခနဲပြတ်သွားတဲ့လည်ပင်း။
တလိမ့်လိမ့်ကျသွားတဲ့ဦးခေါင်း။
ဦးဆောင်သူကျဆုံးသွားတဲ့အခိုက်မှာ ကျန်ရှိတဲ့နတ်သားတွေဟာ လက်နက်ချလိုက်ကြတယ်။
စစ်ပွဲဟာ ပြီးဆုံးသွားခဲ့ပြီ။
သစ်ပင်အိုကြီးရဲ့အောက်မှာငြိမ်သက်စွာရှိနေတဲ့ Taehyung နားမှာ သူ့ရဲ့နတ်ဆိုးညီအကိုတွေ။ နတ်ဆိုးတွေဟာ ရွှေရောင်တောင်ပံတွေနဲ့လျှောက်လှမ်းလာတဲ့ Jimin အတွက်လမ်းဖယ်ပေးလိုက်ကြတယ်။