Ring~~~
အိပ်နေတုန်းဖုန်းသံမြည်လာသဖြင့် မျက်လုံးမဖွင့်ဘဲ
ဖုန်းစမ်းကာကိုင်လိုက်သည်။"ဟယ်လို"
"ကိုကို ညီမလေးကိုတံခါးလာဖွင့်ပေးဦး"
တစ်ဖက်ကချိုချိုသာသာမိန်းကလေးသံလေးထွက်လာမှသာ
ဖုန်းscreenမှာပေါ်နေတဲ့contactကိုကြည့်လိုက်တော့
"သော်တာ💙"လို့မှတ်ထားသည်ပင်။
ကြည့်ရတာ ဘဲလ်တီးသံမကြားရတာနဲ့
ဖုန်းဆက်ပြီး တံခါးဖွင့်ခိုင်းတယ်ထင်ပ။"ကိုကို ကြားလား၊တံခါးလာဖွင့်ပေးဦးလို့"
"အေးးအေး လာပြီ"
ဖုန်းချပြီးထထိုင်လိုက်တော့ဘေးနားမှာကွေးကွေးလေးဖက်အိပ်နေကြတဲ့ ကြောင်ဝါကလေးနှစ်ကောင်ကို
တွေ့လိုက်ရသည်။ညက အချိန်လင့်နေတာနဲ့
ကလေးတွေအတွက်အိပ်ယာသီးသန့်မလုပ်ပေးဘဲ
သူ့ကုတင်ပေါ်မှာပဲသိပ်လိုက်တာ။ဘာအနံ့မှမရတာကြောင့် ကုတင်ပေါ်မှာချီးပါသေးပေါက်
မလုပ်ထားမှန်းသိလိုက်ရသည်။ကြောင်လေးတွေက
ထမင်းစားတတ်တဲ့အရွယ်လေးတွေဖြစ်သဖြင့်
တွေ့တဲ့နေရာမှာ လက်လွတ်စပယ်ကျင်ကြီးကျင်ငယ်
မစွန့်တတ်ဘူးလို့ပဲ သူတွေးလိုက်တယ်။ညတုန်းကလဲထမင်းဆာနေမှာစိုးသဖြင့်မနက်ကကျန်တဲ့
ထမင်းအနည်းငယ်ကိုအသင့်ကြော်ထားတဲ့ငါးကို
အသားဖတ်လေးတွေခွာပြီးနယ်ကျွေးလိုက်တော့
စားလိုက်ကြတာအားရပါးရပင်။
စားပြီးဗိုက်လေးသွားကြတော့ ငုတ်တုတ်လေးတွေထိုင်ရင်း
နဲ့ပင် မျက်လုံးလေးတွေစင်းကျပြီးငိုက်နေကြသည်မှာ
တကယ်ပင်ချစ်စရာကောင်းလှ၏။ဘယ်လိုလူတွေကများ ဒီလောက်ချစ်စရာကောင်းတဲ့ကလေး
တွေကိုအိတ်ထဲပိတ်ပြီးလာပစ်ရပါသလဲ၊ပြီးတော့
ဒီအရွယ်လေးတွေတောင် ရောက်ပါပြီဆိုမှ။အိပ်နေတာလေးတွေနှိုးသွားမှာစိုးသဖြင့်စောင်ကို
အသာခွာချကာ ကုတင်ပေါ်ကဆင်းလိုက်ပြီး
ဘေးနားကစားပွဲပေါ်ကသော့ကိုလှမ်းယူလိုက်ပြီး
အခန်းထဲကထွက်လာလိုက်သည်။ကလန့်ချထားတာကိုဆွဲချလိုက်ပြီးခြံပြင်လှမ်းကြည့်လိုက်တော့အထုပ်အပိုးတွေနဲ့သော်တာ့ကိုတွေ့လိုက်ရသည်။
သူ့ကိုမြင်တော့ အားနေတဲ့လက်တစ်ဖက်ရမ်းပြလာသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...