ထူထဲလှသည့်မျက်ခုံး....
တိကျပြတ်သားသည့်နှုတ်ခမ်းတစ်စုံ....
စူးရဲလှသည့် အကြည့်တွေ....မျက်လုံးထဲပုံဖော်ကြည့်ရင်း နွေရတုနှုတ်ခမ်းပါးလေးတွေ
ကော့တက်နေသည်မှာ ပိုင်ရှင်ကိုယ်တိုင်ပင်သတိမထားမိပေ။
ဆိုင်လူရှင်းချိန် ဆွဲစရာပုံလည်းမရှိသဖြင့်
ခဲတံချွန်လေးကောက်ကိုင်မိရာမှ
မျက်လုံးထဲလူဆိုးကောင်မျက်နှာကို မြင်ယောင်မိခြင်း။မကြိုက်ပါဘူး~~
လူဆိုးကောင်က သူ့အတွေးထဲရောက်လာတတ်တာကို...တကယ်တမ်းပြောရရင် လူဆိုးကောင်အရက်မူးတဲ့ည
နောက်ပိုင်း သူတို့စကားသေချာမပြောဖြစ်ပေ။
မေးထူးခေါ်ပြောလောက်သာ ပြောဖြစ်သည်။
တော်ဝင်ယောက်ျားက သူ့ကိုစကားမရှိစကားရှာပြီး
လာလာပြောတတ်ပေမယ့် သူကတော့
လူဆိုးကောင်ကို စိတ်ဆိုးနေသဖြင့်သေချာမပြော။
ဘာကိုစိတ်ဆိုးနေသလဲမေးရင် မူးတဲ့ညက
"အလှလေးကိုချစ်တယ်"ဆိုတဲ့စကားကြောင့်လို့
ပြောရမည်။သူက ဆယ်ကျော်သက်အရွယ်မဟုတ်တော့ပေ။
မကြာခင်အချိန်အတွင်း သုံးထိပ်စီးပြောင်းတော့မည့်
သက်လတ်ပိုင်းလူတစ်ယောက်။သူသိသည်~~~
လူဆိုးကောင်အပေါ် သူ့ခံစားချက်တွေမူမမှန်တော့ဘူးဆိုတာကို....ကိုယ်စိတ်ဝင်စားနေတဲ့သူက တစ်ခြားတစ်ယောက်ကို
ချစ်နေတယ်ဆိုတဲ့အသိက ခံရခက်လှပါသည်။
လူဆိုးကောင်ပြောတဲ့အလှလေးဆိုတဲ့သူကို
မြင်ချင်စမ်းလှ၏။လူဆိုးကောင်အတွက်သင့်တော်တဲ့
သူတစ်ယောက်ဖြစ်နေရင် သူကိုယ်တိုင်ပင်
လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုလိုက်ချင်ပါသည်။
သူ့ခံစားချက်တွေကို လျစ်လျူရှုပြီးပေါ့...."ဟေးးးးကိုကို"
အတွေးလွန်နေရင်း သူ့ကိုယ်ကိုလာထိသူကြောင့်
ဆတ်ခနဲပင်ဖြစ်သွားရသည်။"လန့်သွားတာလား ဆောရီး...ဆောရီး"
အသံကြားယုံနဲ့တင်ဘယ်သူမှန်းသိလိုက်ပါပြီ။
သူ့ကိုလန့်အောင်လုပ်တဲ့ညီမဖြစ်သူကို
လှည့်ကြည့်လိုက်တော့ သော်တာကစပ်ဖြဲဖြဲ
ကြည့်နေရာကနေ စိုးရိမ်တဲ့မျက်နှာပြောင်းသွားကာ
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...