"ရတု.. Royal နောက်တစ်ခါဒီဆိုင်ထဲခြေချတာနဲ့
ငါ့ကိုဖုန်းဆက်နော်""ငါဖုန်းဆက်လို့ မင်းမအားတာနဲ့ညားရင်
ဘယ်လိုလုပ်မလဲ""မင်းအတွက်ဆို ငါအမြဲတမ်းအားတယ်"
စေရာမျိုးမြင့်နဲ့နွေရတုဆိုတာ တက္ကသိုလ်အတူတူ
တက်ခဲ့တဲ့သူငယ်ချင်းတွေပင်။ငယ်ပေါင်းတွေမဟုတ်ပေမယ့်
နွေရတုအတွက်တော့ စေရာကအစ်ကိုကြီးလိုခင်မင်ရတဲ့
သူငယ်ချင်းပင်။စပြီးခင်မင်လာခဲ့ကတည်းက စေရာကနွေ့ကို
ကလေးတစ်ယောက်လိုသာဆက်ဆံသည်။
ဘာဖြစ်ဖြစ် နွေ့အလိုကျအတိုင်းပင်။
စေရာကစကားပြောပြေပြစ်၍အပေါင်းအသင်းများသော်လည်း နွေ့လိုတစ်သီးတစ်သန့်နေတတ်တဲ့သူကတော့ လက်ချိုးရေလို့ရသည်အထိ
အပေါင်းအသင်းရှားသည်။"ဒါနဲ့ မင်းဒီကိုဘာလာလုပ်တာလဲ"
မျက်လုံးဝိုင်းဝိုင်းလေးတွေက သိလိုစိတ်ပြင်းပြစွာ
သူ့ကိုကြည့်နေပြီး နှုတ်ခမ်းလေးကလှုပ်စိစိနဲ့ပင်။
သူနဲ့ရတုက အသက်ရွယ်တူဆိုတာ
တစ်ခြားသူတွေသွားပြောရင် ယုံနိုင်ဖွယ်မရှိပေ။
ရတုက တကယ်ကိုကလေးလေးတစ်ယောက်လိုပင်။"ဒီတိုင်း အလုပ်ကိစ္စနဲ့ဒီဘက်လာရင်းလမ်းကြုံလို့"
"သြော်"
တသြော်သြော်လုပ်ရင်း
ခေါင်းကလည်းတဆတ်ဆတ်နှင့်ပင်။Royalနဲ့သူက ဖအေပါမအေပါလို့သူပြောလိုက်တာကို
နွေရတုက တစ်ခြားမေးခွန်းတွေမေးမြန်းလာခြင်းမရှိပေ။
သူ့အနေနဲ့ တစ်ခြားသူမကောင်းကြောင်းမပြောချင်ပေမယ့်
Royalကခပ်ဆိုးဆိုးကောင်လေးတစ်ယောက်မို့
ရတုကိုဒုက္ခပေးလာမှာကိုမလိုလားသဖြင့်
သတိထားဖို့ ရတုကိုမှာထားရသည်။"အယ်...ကလေးတွေနှိုးလာပြီ"
"ဘယ်က ကလေးတွေလဲ"
ဆိုင်တွင်းကနွေရတုရဲ့သီးသန့်ခန်းထဲမှာလည်း
ကုတင်တစ်လုံးနဲ့စားပွဲတစ်လုံးထားရှိသည်ပင်။
နွေရတုက ကုတင်ပေါ်မှာထိုင်နေပြီး
စေရာမျိုးမြင့်က ခုံမှာထိုင်နေသဖြင့်
နွေရတုရဲ့နောက်မှာတစ်ကောင်နဲ့တစ်ကောင်ဖက်အိပ်နေကြတဲ့
ကြောင်လေးတွေကို မမြင်ပေ။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...