25

56.5K 4K 60
                                    

Recommend song:::သိပ်ချစ်တာသူသိပါကွယ်

.........................

~~မင်းလေးသဘောကျအချစ်ရေ တို့ကအဆင်သင့်ပါပဲ....

နှလုံးသားလေးတော့ကျွမ်းအောင် အချစ်ရေမကျီစားပါနဲ့....

မင်းရဲ့အချစ်နဲ့ကိုယ့်မှာ အသက်ဆက်လို့ရှင်ရမယ်....

သိပ်ချစ်တာ...နွေသိပါကွယ်...~~~

"ရားးးးမင်းပါးစပ်ကိုပိတ်ထားလို့မရဘူးလား
တော်ဝင်ယောက်ျား"

တစ်နေ့လုံးဆိုင်ပိတ်ချိန်အထိစောင့်ကာ ဒုက္ခပေးတဲ့
လူဆိုးကောင်ပါ။မတွေ့ချင်လို့ရှောင်နေတာကိုသိသိကြီးနဲ့
မရမက စက်ဘီးနဲ့မှအိမ်ပြန်မလိုက်ရရင် သောင်းကြမ်းမှာ
နော်ဆိုတဲ့ခြိမ်းခြောက်စကားကြီးကြောင့် ကိုယ့်မှာမျက်စိ
စုံမှိတ်ပြီး စက်ဘီးနောက်ခုံမှာတင်ခေါ်ခဲ့ရတာ။သူ့ရဲ့ဆိုင်ကယ်
အကောင်းစားကြီးကိုတော့ ကောင်းထက်ရဲ့ချစ်သူက
စီးသွားတယ်။

စက်ဘီးနောက်ခုံပေါ်တင်ခေါ်ခဲ့တာထက်ပ၊
လိပ်လိုနင်းနေတာကို ပြုတ်ကျမှာကြောက်လှပါရဲ့ဆိုပြီး
သူ့ခါးကိုလည်းကျိုးကြေမတတ်ဖက်ထားသေးတယ်။
တကယ်ပါ...လူဆိုးကောင်ကဉာဏ်နီဉာဏ်နက်များလွန်းတယ်။ဒါကြောင့် မချစ်တော့ဘူးလားမေးရင်တော့...ဟင်းးးးးးးး

"ဟာ...ခင်ဗျားမှ ကျုပ်ကိုစကားမပြောတာ၊
သီချင်းမဆိုစေချင်ရင် ကျုပ်ကိုအဖက်လုပ်လေ"

သီချင်းဆိုတာထက် နာမ်စားတွေမှာ နွေလို့ထည့်သုံးတာကို
ကြက်သီးထမိသည်။ပြီးတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ
အော်ကြီးဟစ်ကျယ်ဆိုနေတာ ကြားမကောင်း။
အသံလေးကောင်းလို့သာ တော်ရော့မည်။

"ရပ်...ရပ်ဦး ခင်ဗျား"

အင်္ကျီစကို အတင်းဆွဲကာရပ်ခိုင်းလာသူကြောင့်
လမ်းဘေးထောင့်ကိုရပ်လိုက်ရသည်။

"ဘာလို့ရပ်ခိုင်းတာလဲ"

"စကားခနပြောရအောင်"

"အိမ်ရောက်မှပြောလည်းရတဲ့ဟာ"

"ခင်ဗျားအကြောင်း ကျုပ်မသိခက်မယ်၊
အိမ်ရောက်တာနဲ့ အခန်းထဲအမြန်ဝင်မှာသိသားပဲ"

ROYAL HUSBAND Where stories live. Discover now