11

60.7K 4.9K 382
                                    

"ဆိုတော့ကား မင်းကအိမ်ငှားတဲ့သူပေါ့"

"အင်း"

လူဆိုးကောင်က သူ့မေးခွန်းကို
အင်းတစ်လုံးသာပြန်ဖြေလာသည်။
ခါတိုင်း သူဆိုင်ဖွင့်လျှင်နေ့တိုင်းရောက်လာတတ်သဖြင့်
သူ့အနေနဲ့လူဆိုးကောင်ကို စိမ်းသက်နေခြင်းတော့မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမှမသိကျွမ်းဘူးတဲ့
လူကိုအိမ်ငှားတင်ရတာထက်စာရင်
ကိုယ်သိတဲ့သူဖြစ်တာလည်း တစ်မျိုးကောင်းတာပဲမဟုတ်လား။

"ကျုပ်ရေဆာတယ်"

"ဟမ်"

"ရေ"

"အာ...ခနနေခဲ့ဦး၊ငါသွားယူလိုက်ဦးမယ်"

ရေယူရန်ထွက်သွားသောအလှလေးက
အိမ်နေဝတ်ဖြစ်တဲ့ အင်္ကျီပွကြီးကိုဒူးခေါင်းအထက်
ဘောင်းဘီပွအနက်လေးနဲ့ဝတ်ထားသည်မှာ
သုံးထိပ်စီးပြောင်းတော့မယ်ဆိုတာကျိန်ပြောရင်တောင်
ယုံနိုင်စရာမရှိပေ။

သူလည်းထိုင်ခုံကထကာ အိမ်ပုလေးကို
လိုက်ပတ်ကြည့်တော့ အိပ်ခန်းသုံးခန်းရှိသည်ပင်။
ဘေးထောင့်ကအခန်းနှစ်ခန်းကြားမှာ ဘုရားခန်းလေးလုပ်ထားသည်။
ဧည့်ခန်းက နံရံမှာတော့ အလှလေးရဲ့မိဘပုံဖြစ်လောက်တဲ့
ဓာတ်ပုံချိတ်ထားသည်။

အလှလေးက အမေတူသားပဲ......

သူလိုက်ကြည့်နေတုန်း ခြေထောက်ကိုလာထိတဲ့
အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်တော့
သူ့လက်ဖဝါးတစ်ဖက်စာပင်မရှိတဲ့ ကြောင်လေး။
အောက်သို့ငုံ့ကာ အပေါ်သို့ကော့လန်နေသည့်
အမြီးကနေဆွဲမြောက်လိုက်သည်။

"ညောင်...ညောင်....ညောင် "

ကြောင်လေးကတော့ တညောင်ညောင်အော်ကာ
မမှီမကမ်းသူ့လက်တွေကိုကုတ်ဖို့လုပ်သည်။

"တော်ဝင်ယောက်ျား မင်းငါ့ကလေးကိုဘာလုပ်တာလဲ"

လက်တစ်ဖက်မှာရေထည့်ထားတဲ့ဖန်ခွက်ကိုကိုင်ထားပြီး
အလှလေးကသူ့ဆီအမြန်ရောက်လာကာ
လက်ထဲကကြောင်ကိုဆွဲယူသွားပြီး ပွေ့ယူကာပွတ်သပ်ပေးနေလေသည်။

"အမြီးကဆွဲရင် ခိုးစားတတ်တာမသိဘူးလား"

"မလေ့လာထားဘူး"

ROYAL HUSBAND Where stories live. Discover now