ကြောင်ကလေးတွေကိုထမင်းကျွေးပြီးအခန်းပြင်ထွက်လာတော့ ကောင်းထက်ကနှုတ်ဆက်သည်။
သော်တာ့ကိုမတွေ့သဖြင့် ဆိုင်ထဲဝေ့ဝိုက်ကြည့်လိုက်တော့
မြင်လိုက်ရတာ အခြေအတင်ဖြစ်နေပုံပင်။
ကောင်းထက်က သိနားလည်စွာ
ထိုဝိုင်းသို့ထွက်သွားသော်လည်း
သူ့ကိုကျောပေးထိုင်နေသောဧည့်သည်က
ဆေးလိပ်ငွေ့တွေကို တမင်တကာပင်မှုတ်ထုတ်လာသည်။
ဒါဘယ်လို ရိုင်းတဲ့အပြုအမူပါလိမ့်???ညင်ညင်သာသာပြောဆိုနေတာတောင်လက်မခံတဲ့ဧည့်သည်ကြောင့် ကော်ဖီဖျော်စပ်နေတဲ့ကိုနိုင်ကသွားတားဖို့
ပြင်လာသဖြင့် သူလက်ကာပြကာသာထိုဝိုင်းသို့သွားကာ
နှုတ်ခမ်းကြားကဆေးလိပ်ကို ဆွဲယူလိုက်သည်။
တစ်ဖက်လူရဲ့တုန့်ပြန်ချက်က ဆိုးဝါးလိမ့်မယ်ဆိုတာ
သူမတွေးမိလိုက်ပေ။သူ့ကိုရိုက်ဖို့ထိုင်ခုံမှဝုန်းခနဲထကာလက်ရွယ်လာတဲ့လူကြောင့်
ကြောက်ရွံ့စွာ မျက်လုံးမှိတ်လိုက်သည်။"ကိုနွေ"
ကောင်းထက်ရဲ့ သူ့နာမည်ကိုအလန့်တကြားခေါ်လာသံကို
ကြားလိုက်ရသည်။ပြီးတော့ သူ့လက်ထဲကဆေးလိပ်ကိုလည်း
ကောင်းထက်ကဆွဲယူသွားတယ်ထင်ပ။"နှာခေါင်းထက်မှာ မှဲ့လေးနဲ့"
သြရှရှအသံကြီးကြားလိုက်ရပြီး သူ့နှာခေါင်းထိပ်က
မှဲ့လေးကိုလာရောက်ထိတွေ့တာကြောင့် သူ့ကိုယ်က
တုန်ခနဲပင်ဖြစ်သွား၏။
ဒီလူ သူ့ကိုဘာတွေလာလုပ်နေတာပါလဲ????မျက်လုံးမှိတ်ထားရာမှဖွင့်ကြည့်လိုက်တော့
သူ့ရှေ့ကလူကသူ့ကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေပြီး
မျက်ခုံးတစ်ဖက်ပင့်သွားသလိုပင်။နွေရတုရဲ့အရပ်က
5' 11"လက်မရှိလို့အရပ်ရှည်တဲ့အထဲပါသော်ငြား
သူ့ရှေ့ကလူကိုတော့ မော့ကြည့်ရသည်။သူကြည့်နေတုန်းမှာပင်ထိုလူက သူ့မျက်နှာဆီလက်လှမ်းလာသဖြင့်
နောက်သို့ဆုတ်မိသည်။သူ့ရှေ့ကအမျိုးသားက ထိုမျှလောက်အထိလှလိမ့်မယ်လို့
Royalမထင်ထားမိ။ဖွင့်ကြည့်လာတဲ့မျက်လုံးလေးတွေက
ညလယ်မှာတောက်ပနေတဲ့ကြယ်လေးတွေလို တလက်လက်နှင့်ပင်။ယောက်ျားလေးတစ်ယောက်ကိုလှတယ်
လို့မသုံးသင့်ပေမယ့် သူ့ရှေ့ကအမျိုးသားက
အမှန်တကယ်ပင်အလှလေးဆိုတဲ့ဂုဏ်ပုဒ်ထက်
အဆများစွာသာလေရော။
YOU ARE READING
ROYAL HUSBAND
Acak"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...