"နောက်မကျသေးပါဘူး"
မီးဖိုခန်းထဲပျော်ရွှင်စွာချက်ပြုတ်နေတဲ့မြတ်ပန်းနဲ့သော်တာ့ကို
ကြည့်ကာအားကျသလိုအခန်းပြင်ကနေကြည့်နေတဲ့ဦးဇာနည်
တော်ဝင်ကို အနားရောက်လာသောဦးမင်းတော်ဝင်က
စကားဆိုလိုက်တော့ သူ့ကိုအားမရှိသလိုပြုံးပြလာကာ"တာဝန်တွေလစ်ဟင်းခဲ့လို့ ကျွန်တော်ခုလို
တစ်ယောက်တည်းအထီးကျန်နေတာထင်တယ်"သူ့အနေနဲ့ခုချိန် စကားလုံးတွေနဲ့ပြောပြလို့မရလောက်အောင်ပင်
နောင်တရနေမိသည်။လင်ယောက်ျားတာဝန်လည်း
မကျေပွန်ခဲ့သလို ဖခင်တစ်ယောက်တာဝန်လည်းကျေပွန်ခဲ့
ခြင်းမရှိပေ။"မိုးကလျာကိုရော ဘာလို့မကွာရှင်းပေးသေးတာလဲ"
"ကျွန်တော်တစ်ယောက်တည်း အထီးမကျန်ချင်ဘူးအဖေ၊
အနည်းဆုံးတော့ ကျွန်တော့်အနားမှာတစ်ယောက်ယောက်တော့ ရှိနေစေချင်သေးတာ""ဒါဆို ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးထားတဲ့ကိစ္စ
ဘယ်လိုလုပ်မလဲ""ကျွန်တော့်အပြစ်တွေချည်းပါပဲ၊မိုးကလျာကို
ဇနီးမယားပါဆိုပြီးတရားဝင်ချမပြခဲ့သလို
တစ်ချို့နေရာတွေမှာ သူ့ကိုသိမ်ငယ်အောင်လုပ်မိတယ်၊
အနီးနားမှာမရှိမှ တန်ဖိုးနားလည်တယ်ဆိုတဲ့စကားက
သိပ်မှန်လွန်းတယ်"အမှန်တကယ်လည်း ဦးဇာနည်တော်ဝင်ကဒေါ်မိုးကလျာကို
ချစ်မြတ်နိုးသည်။ဆိုပေသည့် ကိုယ့်အပြစ်တွေနဲ့ကိုယ်ကြောင့်
စိတ်မလုံစွာ ဇနီးမယားကိုလျစ်လျူရှုခဲ့ခြင်းတွေသာ။ဆွေးဆွေးမြေ့မြေ့ပြောနေသော သးးဖြစ်သူကို
အသနားပိုစွာပုခုံးကိုအားပေးသလို အသာပုတ်ပေးမိသည်။"Royalက မင်းရဲ့သွေးသားပါ၊
သူအကြာကြီး မင်းကိုပစ်ပယ်ထားမှာမဟုတ်ဘူး၊
မိုးကလျာနဲ့ကိစ္စကတော့ မင်းကိုယ်တိုင်ကြိုးစားရမှာပဲ"ဦးမင်းတော်ဝင်စကားအဆုံး ဦးဇာနည်ကဖခင်ဖြစ်သူကို
တင်းကြပ်စွာပွေ့ဖက်မိသည်။ဖခင်ဖြစ်သူရဲ့နွေးထွေးတဲ့စကား
တွေကြောင့် သူနေသာသည်။မိဘတိုင်းက သားသမီးတိုင်းကိုချစ်ပါသည်။
............................
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...