"မင်း ငါ့ကိုလာလုပ်ကူဖို့ စိတ်ကူးမရှိဘူးလား"
ခြံထဲသစ်ပင်အောက်က ကွပ်ပျစ်ပေါ်မှာ
ဂစ်တာ တဒေါင်ဒေါင်တီးနေတဲ့လူဆိုးကောင်ကို
လှမ်းပြောလိုက်တော့ မထိတထိပင်လှမ်းကြည့်လာသည်။နွေရတု အခုဘာလုပ်နေသလဲဆိုရင်
စောင်လျှော်နေတာပါ။ရေဇလုံကြီးထဲ စောင်ထည့်ကာ
ခြေထောက်နဲ့နင်းနေခြင်းပင်။
သူ့စောင်တင်ပဲလားဆိုတော့ လူဆိုးကောင်ရဲ့
စောင်ရောလျှော်နေတာ။ဒါကို လူဆိုးကောင်က
ကူလျှော်ပေးမယ်ဆိုတဲ့စိတ်ကူးမရှိပေ။ဆိုင်ပိတ်ရက်ဖြစ်သဖြင့် အိမ်သန့်ရှင်းရေးလုပ်ကာ
ပြတင်းလိုက်ကာတွေ၊စောင်တွေထုတ်လျှော်ခြင်းပင်။
အိမ်အစွန်းနဲ့သစ်ပင်ကို ကြိုးတန်းထားသည်။
ထိုကြိုးပေါ်မှာတော့ ခေါင်းအုံးဖုံးတွေကို
အစီအရီလှမ်းထား၏။"ယောက်ျားလို့ခေါ်မယ်ဆိုရင် စဥ်းစားပေးမယ်လေ"
"မင်း..ဒါသက်သက်မဲ့ညစ်ပတ်တာ"
"အောဟော်...ရေနေ့တိုင်းချိုးတဲ့သူကို
ညစ်ပတ်တယ်လို့ ပြောစရာလား"အရမ်းမျက်နှာပြောင်တဲ့ တော်ဝင်ယောက်ျားပါပင်။
လူဆိုးကောင်အပေါ် မကျေနပ်သမျှ
ရေဇလုံထဲကစောင်တွေကိုသာ စိတ်ရှိလက်ရှ
နင်းခြေဖွတ်လိုက်သည်။
အတွေးထဲမှာတော့ မခန့်လေးစားလူဆိုးကောင်ကို
တဖုန်းဖုန်းထုရင်းနဲ့ပေါ့။"စောင်တွေလည်း ပြဲသွားပါဦးမယ်ဗျာ"
လက်ထဲကဂစ်တာကို ကွပ်ပျစ်ပေါ်ချကာ
အလှလေးအနားသွားရပ်ကာပြောလိုက်တော့
နှာခေါင်းရှုံ့ကာ သူ့ကိုကျောပေးသွားသည်။ဖိနပ်ချွတ်ကာ ရေဇလုံကြီးထဲ သူပါခြေထောက်ဝင်လိုက်တော့
မော့ကြည့်လာသည်။နှာခေါင်းထိပ်က မှဲ့နက်လေးက
အရှင်ဖြစ်သဖြင့် မို့မို့လေးဖြစ်နေသည်မှာ
ကြည့်ကောင်းလှသည်။"ဘာ...ဘာလုပ်တာလဲ"
အလှလေးရဲ့အသံစူးလေးကြားလိုက်ရမှ နှာခေါင်းထိပ်က
မှဲ့လေးကိုပွတ်သပ်နေတဲ့သူ့လက်ကိုပြန်ရုတ်လိုက်သည်။
သတိလွတ်သွားတာပဲ~~~
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...