22

52.8K 4.1K 285
                                    

"တော်ဝင်စံအိမ်မှာနေရတာ အဆင်ပြေရဲ့လား မယ်"

သူတို့မောင်နှမနှစ်ယောက် အချိန်ရတုန်းလေး
ဆိုင်ကောင်းတစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေကြခြင်းပင်။
ခါတိုင်းဆို ဒေါ်မိုးကလျာပါ ထိုထမင်းဝိုင်းထဲ
ပါဝင်နိုင်ပေမယ့် ခုချိန်သူမ မအားလပ်ပေ။

"အဆင်ပြေပါတယ် ကိုစေ"

"ငါ့ညီမလေးကို အဲ့အိမ်ကလူတွေအနိုင်ကျင့်မှာ စိုးရိမ်နေတာ"

"ကိုစေကတော့ မဟုတ်တာတွေ
လျှောက်ပြောနေပြန်ပါပြီ၊သူတို့က မယ့်ကို
ဘာမှမလုပ်ပါဘူး"

တကယ်လည်း ထိုအိမ်ကလူတွေကသက်သက်လွတ်ကြီးတော့
သူမကို ရန်လာမရှာပေ။သူမတို့တူအရီးနှစ်ယောက်သာ
အေးဆေးနေမယ်ဆိုရင် ထိုလူတွေကလည်း
မရှိသလို သဘောထားကြမှာအမှန်မဟုတ်လား။
ဒီလိုနေရတာလေးနဲ့မတင်းတိမ်နိုင်တဲ့ အဒေါ်ကို
မနိုင်တော့လည်း.....။

"နင် တော်ဝင်ယောက်ျားကိုသဘောကျနေတာဆို"

စေရာကပြောလည်းပြော ညီမဖြစ်သူမျက်နှာအခြေအနေကိုလည်း
ကြည့်ရသေးသည်။

"ကိုစေ့ကို ဘယ်သူပြောတာလဲ၊အာ....အဒေါ်လား"

"အင်း"

ဟင်းပွဲတွေက မှာထားတုန်းဖြစ်သဖြင့်
စားပွဲပေါ်မှာ ရေတစ်ယောက်တစ်ခွက်သာရှိလေသည်။

"အဲ့ဒါအရင်ကပါ၊သဘောကျတယ်ဆိုတာကလည်း
ဒီတိုင်း Royalက perfectဖြစ်လို့ဆိုရမလား၊
အဒေါ်ရဲ့တွန်းအားတွေကြောင့်လား မပြောတတ်ဘူးရယ်"

ထိုစကားတွေကို မယ်ကပေါ့ပေါ့ပါးပါးရယ်မောပြောနေပေ
မယ့် မပျော်နိုင်သူကတော့ စေရာမျိုးမြင့်ပင်။
တော်ဝင်စံအိမ်မှာအနေကျပ်၍ အပြင်မှာနေရာမှ
အမေဖြစ်သူက သူမလောဘတွေအတွက်အိမ်ကြီးမှာ
ကျန်ခဲ့တဲ့မယ့်ကို အသုံးချနေတာကိုမြင်ရတာ
သူ့ကိုယ်သူ အစ်ကိုကြီးတာဝန်မကျေဘူးဟုခံစား
လာရသည်။

"ငါ့ညီမလေး ပင်ပန်းနေမှာပဲ"

"မဟုတ်တာ၊မဟုတ်လည်း မယ့််အပေါ်
အဒေါ့်ကျေးဇူးတွေက အများကြီးပဲဟာ"

စားပွဲပေါ်တင်ထားတဲ့မယ့်လက်ကို သူဆွဲယူကာ
အသာပွတ်သပ်မိသည်။ဒီလက်လေးတွေက
ငယ်ငယ်ကသေးသေးပုစိလေးတွေနဲ့အရမ်းချစ်ဖို့ကောင်း
တာကို ပြန်မြင်ယောင်မိတော့ သူပြုံးမိပြန်သည်။
သူ့ညီမလေးက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီပဲ။

ROYAL HUSBAND Where stories live. Discover now