"မိပြီကွ!!"
"ရား...တော်ဝင်ယောက်ျား ဘာလုပ်တာလဲ၊
ငါ့ကိုအောက်ချပေး"သူ့စကားကို အလေ့မလုပ်ဘဲသူ့ကိုအခန်းထဲသို့
ပွေ့ချီသွားသောလူဆိုးကောင်ကြောင့် အော်ဟစ်နေယုံသာ
တတ်နိုင်သည်။"ဘယ်...ဘယ်ကိုသွားမလို့လဲ"
သူ့ကိုယ်ပိုင်အခန်းကိုကိုယ်နဲ့တွန်းဖွင့်ကာ ကုတင်ပေါ်သို့
အချီမပျက်ဘဲပွေ့သွားသူကြောင့် ကြောက်လန့်သွားရသည်။
လူဆိုးကောင်က သူထင်နေသလို မလုပ်လောက်ဘူးမလား။"ဟေ့..ဟေ့..ဘာတွေမဟုတ်တာလျှောက်တွေးနေတာလဲ"
"မ..မတွေးပါဘူး"
လူဆိုးကောင်က ကုတင်ပေါ်ထိုင်ချလိုက်သဖြင့်
အလိုလိုပင်သူက လူဆိုးကောင်ပေါင်ပေါ်ထိုင်လျက်ဖြစ်သွား
သည်။ကျောပေးလျက်မို့သာ တော်ရော့မည်။
မျက်နှာချင်းဆိုင်သာဒီလိုပုံစံထိုင်နေရလို့ကတော့
သူရှက်လို့ခေါင်းတောင်ဖော်ရဲမည်မထင်။"ပြော...ကျုပ်ကိုဘာလို့ရှောင်နေတာလဲ"
သူပုခုံးပေါ် မှေးတင်လာသဖြင့် ကြက်သီးထသွားရသည်။
ဒါနဲ့တင် မပြီးသေး၊လက်နှစ်ဖက်ကလည်း သူ့ကိုတင်းတင်း
ကြပ်ကြပ်ပွေ့ဖက်လာသဖြင့် သူ့မှာမလူးမလွန့်သာ။
လူဆိုးကောင်က အားကြီးလိုက်တာ......"မရှောင်ပါဘူး"
"ညာနေတာ..ခင်ဗျား၊ညနေကလည်း
ကျုပ်မသိအောင် ခိုးပြန်သွားတာ၊အိမ်ရောက်တော့လည်း
အခန်းထဲက ထွက်မလာဘူး၊ကျုပ်တစ်ချိန်လုံး
စောင့်နေတာ ခင်ဗျားကို""တစ်ချိန်လုံး စောင့်နေတာလား"
ဒီလိုကြားရပြန်တော့လည်း သူ့စိတ်မကောင်းဖြစ်ရသည်။
ချစ်စကားပြောပြီးမျက်နှာချင်းဆိုင်ရမှာ ရှက်သဖြင့်
လူဆိုးကောင် သူ့သူငယ်ချင်းတွေဖက်အာရုံရောက်နေတုန်း
သူလစ်ထွက်ခဲ့ခြင်း။အိမ်ရောက်တော့လည်း တွေ့ရမှာစိုး
သဖြင့် အခန်းအောင်းနေခြင်းသာ၊ခုမှသာ ဗိုက်ကအချက်ပြ
သောကြောင့် ခိုးကြောင်ခိုးဝှက်ထွက်လာရခြင်းသာ။
အခန်းပြင်ရောက်ချင်း လူဆိုးကောင်ပွေ့ချီတာခံရမယ်
လို့ ဘယ်ထင်မလဲ။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...