"ကိုကို....ကျွန်....ကျွန်တော်"
မြင်နေရတဲ့Expressကားကြီးကိုကြည့်ကာ
သူကြောက်မိတာအမှန်။ဒါကိုလည်း ဘေးနားရပ်နေတဲ့ကိုကိုကသိသည်ထင်၊သူ့လက်ကိုဆုပ်ကိုင်
လာကာ ပြုံးပြလာပြီး"ဘာမှမဖြစ်ဘူးလေ....ကိုကိုရှိတာပဲဟာ"
"ဒါ...ဒါပေမယ့်"
ထိုညက ဒီလောက်ကြီးတဲ့ကားကြီးနဲ့တိုက်မိတဲ့အချိန်
မာမီက သူ့ကိုပွေ့ဖက်ခဲ့တဲ့မြင်ကွင်းက ပြန်ပေါ်လာတဲ့အခါ
တုန်လှုပ်ကာ ကိုကို့လက်ကိုဖျစ်ညစ်မိသည်။"တစ်ချိန်ကျရင် ကိုကိုကLover seatမှာထိုင်ပြီး
ကားမောင်းနေတဲ့မင်းကို တစိမ့်စိမ့်ငေးကြည့်ချင်တာ၊
ကားစတီယာတိုင်ကိုထိန်းနေတဲ့ မင်းလက်ချောင်းလေးတွေကို
ငေးမယ်၊လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး
မင်းကားမောင်းနေတာ အာရုံနောက်အောင်
အနမ်းတွေတဖွဖွပေးချင်တာ""ကို....ကို"
မျက်လုံးလေးတွေကြည်တောက်နေကာ အပြုံးတွေချိုလှတဲ့
ကိုကိုက ရှေ့လျှောက်အနာဂတ်မှာမြင်တွေ့ချင်တာလေးတွေ
ပြောလာတော့ သူ့အနေနဲ့အားနာရသည်။ဆိုပေမယ့်လို့
ကြောက်စိတ်တွေပြေလျော့သွားတာတော့အမှန်။ ကိုကိုဖြစ်ချင်တာတွေဖြည့်ဆည်းပေးဖို့အတွက်
သူကားမောင်းသင်ချင်တဲ့စိတ်ကူးတွေက အတွေးတွေထဲ
ဝင်လာသည်။"အဲ့အချိန်ကျရင် ဒီကလေးတွေကိုရော
တူတူခေါ်မယ်လေ"ကိုကိုက သူကိုင်ထားတဲ့ကြောင်လှောင်အိမ်ကိုမြှောက်ပြကာ
ဆိုတော့သူနှစ်လိုဖွယ်ပြုံးပြမိသည်၊သေချာပေါက်
သူက ကိုကိုဖြစ်ချင်တာတွေပြည့်မြောက်အောင်
ကြိုးစားပေးမှာပေါ့။"ကိုကို!!"
အကြည်ဆိုက်နေတုန်း ကျယ်လွန်းလှတဲ့အော်သံကြောင့်
အနီးနားဝေ့ဝဲကြည့်လိုက်တော့ သော်တာကလက်ယမ်းပြကာ
ပြေးလာလေသည်။နန်းထိုက်တော်ဝင်ကလည်း
ကပ်လျက်လိုက်ပါလာသည်။"ဒီကောင်မလေး ချော်လှဲနေဦးမှာ"
"ဖမ်းပေးမယ့်သူတစ်ယောက်လုံးဘေးမှာရှိနေတာကို
ဘာလို့စိတ်ပူနေဦးမှာလဲ"
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...