"ကိုကို...ကျွန်....ကျွန်တော်"
မျက်နှာချင်းဆိုင်မှာထိုင်ကာ သူ့ကိုမျက်တောင်မခတ်
စိုက်ကြည့်နေတဲ့ကိုကို့ရဲ့ဒေါ်လေးကြောင့် Royal
နေရခက်လာသည်။အိမ်ရောက်တာ နာရီဝက်လောက်ကြာ
ပြီဖြစ်သော်လည်း ပျဥ်ထောင်အိမ်နှစ်ထပ်ရဲ့အောက်ထပ်မှာ
သူတို့ကိုထိုင်ခိုင်းကာ အကဲခတ်နေခြင်းပင်။"ဒေါ်လေး!!"
"အမယ်လေးတော် ငါ့တူတို့များကောင်လေးကို
တွန့်တိုလိုက်တာ၊မင်းကောင်လေးက ချောလွန်းလို့ပါကွယ်"ကိုယ်ချောတာကိုယ်သိပေမယ့် ချစ်ရသူရဲ့အဒေါ်က
ရုပ်ရည်နဲ့ပတ်သက်ပြီးအကောင်းမြင်ပေးလို့ Royal
ဂုဏ်ဆာမိတာအမှန်။"ကျွန်တော့်ကောင်လေးရှက်နေပြီဗျ၊ပြီးတော့
တစ်ချိန်လုံးကားစီးလာရတာ ပင်ပန်းနေပြီ""အိုတော်....ကားပေါ်ထိုင်လိုက်ခဲ့ရတာဖြင့်
မောင်းရတာလည်းမဟုတ်ဘဲ ဘာပင်ပန်းတာတုန်း"ဟန်ဆောင်ခြင်းမရှိ ဒဲ့တိုးပြောလာသဖြင့်
သူ့မှာရှက်အမ်းအမ်းဖြစ်ရသည်။ကိုကိုကတော့
ဒေါ်လေးတို့နဲ့နေသားကျပြီးသားဖြစ်သဖြင့်
သူ့ဘက်လှည့်လာကာ အားနာပြုံးပြသည်။"ပြီးတော့ ညနေလည်းရောက်တော့မယ့်ဟာ၊
ခုချိန်နားရင်အိပ်ပျော်သွားမှဖြင့် ခေါင်းတွေကိုက်နေဦးမယ်၊
ဖိုးသားကို ရေစည်သယ်ခိုင်းလိုက်မယ်၊
ခနနေ ရေချိုးကျပေါ့"ရွာကအမြင့်ကျကာ မြေမာဖြစ်သဖြင့်
အိမ်တိုင်းတွင် ရေတွင်းတူးလို့မရ။
ထို့ကြောင့် ရွာမြောက်ပိုင်းကချောင်းကိုသာ
ချိုးရေအဖြစ်အသုံးပြုပြီး သောက်သုံးရေနှင့်ချက်ပြုတ်ရေး
အတွက်တော့ ရွာလယ်ပိုင်းကကျောက်တွင်းကိုသာ
အသုံးပြုကြသည်။တကယ်တမ်းပြောရရင်
ရွာက မီးပင်မရသေးသောရွာဖြစ်သည်။
ဖိုးသားက နွားသွင်းသွား၍အိမ်မှာမရှိ။"ကလေးကိုသက်သက်မဲ့ပန်းအောင် ရေစည်သယ်ခိုင်းမနေပါနဲ့ ဒေါ်လေးရယ်၊
ကျွန်တော်တို့ပဲ ကိုယ်တိုင်သွားချိုးလိုက်မယ်၊
ဒီရွာမရောက်ဖူးတာမှမဟုတ်တာ""အိုတော်....ဧည့်သည်ကိုဧည့်ဝတ်မကျေရာ
ကျမှာစိုးလို့ပေါ့ကွယ်"
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...