35

49.9K 3.5K 25
                                    

"ကိုကို ဆိုင်မသွားဘူးလား"

"မသွားဘူးလေ"

အဝတ်တွေမီးပူတိုက်နေသော နွေရတုအနားကပ်ထိုင်ကာ
စကားပြောနေခြင်းပင်။ပြီးတော့ စိတ်အစုံကို
သူ့ဆီမပို့ဘဲ တစ်ခြားဆီသို့ရောက်နေသောကိုကို့ကို
Royalစိတ်ဆိုးပါသည်။ဒါကြောင့် အသက်မရှိတဲ့အဝတ်တွေကိုသာ မျက်စောင်းထိုးလိုက်သည်။
သူ့အဝတ်အစားတွေဆိုတာကို လျစ်လျူရှုပြီးတော့ပေါ့....။

"ဘာလို့မသွားတာလဲ"

ကိုကို့ပုခုံးပေါ်မျက်နှာအပ်ကာ လည်ပင်းကိုအနမ်းတစ်ချက်
ပေးရင်းသူမေးလိုက်သည်။လက်မအားတဲ့ကိုကိုက
သူ့ခေါင်းကိုမဖယ်ရှားလာ။

"ရွာသွားမှာမို့ ဆိုင်ပိတ်ထားတာလေ"

"ဟမ်"

သူမသိသေးသောအကြောင်းအရာကြောင့်
ခေါင်းထောင်ကာကိုကို့ကိုကြည့်လိုက်တော့
ကိုကိုကတော့အေးအေးဆေးဆေး သူ့ကိုပြုံးပြလာပြီး

"မနက်ဖြန်သွားမှာ၊ယောက်ျားအဝတ်တွေနဲ့ကိုယ့်အဝတ်တွေကို
တစ်အိတ်ထဲထည့်ထားတယ်၊ယောက်ျားဘာမှလုပ်စရာမလိုဘူး"

"ဟာ...ကိုကို့ ကျွန်တော့်ကိုဘာမှလည်းမပြောဘူး"

ကိုကိုကလုပ်လက်စရပ်ကာ သူ့ကိုကြည့်လာပြီး
သူ့ပါးနှစ်ဖက်ကိုအုပ်ကိုင်လာကာ နဖူးကိုအနမ်းတစ်ပွင့်
ပေးလာသည်။

"ကိုကို"

"မြန်မြန်သွားပြီးမြန်မြန်ပြန်လာတော့မကောင်းဘူးလား၊
သြော်...ပြီးတော့ကိုကိုမင်းအတွက် ပုဆိုးတွေဝယ်ထည့်ထား
တယ်နော်၊ဝတ်တတ်တယ်မလား"

အမြဲတမ်းလိုလို ဘောင်းဘီတွေဝတ်တာမြင်သဖြင့်
သူထိုသို့မေးရခြင်းသာ။အချို့သောပုဆိုးမဝတ်တတ်သူ
တွေကို သူမြင်ဖူးတယ်လေ။

"မဝတ်တတ်ရင်ကိုကိုဝတ်ပေးမလို့လား"

ပြီတီတီရုပ်နဲ့ဆိုလာသူအားကြည့်ကာ
နွေရတု သဘောတကျရယ်ကာ

"ယောက်ျားမဝတ်တတ်ရင် ကိုကိုကဝတ်ပေးမှာပေါ့၊
ရွာသွားပြီးဘောင်းဘီတကားကားနဲ့နေလို့မကောင်းဘူးလေ"

"ပုဆိုးကတော့မဝတ်တတ်စရာလားဗျာ ကိုကိုကလည်း၊
ဒါပေမယ့်လည်း ကိုကိုကတကူးတကကြီးဝတ်ပေးမယ်ဆိုရင်
တော့ ကျွန်တော်ကလည်းကျေကျေနပ်နပ်ကြီး
အဝတ်ခံမှာပေါ့"

ROYAL HUSBAND Where stories live. Discover now