"ပြူးကြောင်လေးက စားချင်လှပြီလား၊
နေဦးနော်...ဖေဖေမအားသေးလို့"အိုးထဲကငါးကိုအပေါ်အောက်လှန်ရင်း တညောင်ညောင်အော်ကာတောင်းနေသောကြောင်ကြောင့်
ခေါင်းငုံ့ကာပြောလိုက်သည်။စုတ်ဖွားလေးကတော့
ခုံမှာထိုင်ကာ ပျင်းကြောဆန့်နေလေသည်။"ညောင်~~ညောင်~~ညောင်"
"အိုက်ယားးးးဆာလှပြီလားကွ"
ငါးနံ့ရလို့ထင် ကိုယ်ပေါ်ခုန်တက်ကာဖြင့်
တညောင်ညောင်အော်လာသောကလေးကြောင့်
အောက်ပြုတ်မကျအောင် လက်နဲ့ထိန်းထားလိုက်ရသည်။
တစ်ဖက်ကလည်း ငါးကြော်နေသဖြင့်
အလုပ်မတွင်ပေ။"တော်ဝင်ယောက်ျား...တော်ဝင်ယောက်ျား!!
လာဦး"တစ်ယောက်တည်းထိန်းမနိုင်တော့သဖြင့်
အခန်းထဲအောင်းနေသောလူဆိုးကောင်ကို
အသံကျယ်ဖြင့်လှမ်းအော်ခေါ်ရသည်။"ခနလေးမတွေ့ရသေးတာကို လွမ်းနေတယ်ပေါ့လေ
ခင်ဗျား..."မီးဖိုခန်းတံခါးကိုကျောမှီကာဖြင့် ဆိုလာသူကြောင့်
မသိမသာမျက်စောင်းထိုးမိသည်။သူများကခိုင်းမလို့ဟာကို
လွမ်းတယ်ထင်နေရင် သေပေါ့။"ငါ့သားကို လာခေါ်ပါဦး"
ကိုယ်ပေါ်ကုပ်တွယ်ထားတုန်းဖြစ်တဲ့ကလေးကိုမျက်စပြစ်ပြလိုက်တော့ ကြောင်ကိုစူးစိုက်ပြီးကြည့်နေသည်မှာ
ကလေးကြီးအလား။ခပ်မြန်မြန်ပင် သူ့အနားရောက်လာကာ
ခါးနားကုပ်တွယ်နေတဲ့ကြောင်ကိုဆွဲခေါ်သည်မှာ ဆတ်ခနဲ။"အသာလုပ်လေ၊လက်သည်းလေးတွေ နာသွားဦးမယ်"
"နာချင်နာပေါ့"
ခုနကတစ်ကောင်တည်းအစာတောင်းနေပေမယ့်
ဝါးသန်းနေတဲ့အကောင်ကပါ ငါးနံ့ရသွားပြီး
တညောင်ညောင်အော်လာသည်မှာ နားပင်ဂွမ်းဆို့ထားရမည့်
ကိန်းပေါက်နေပြီ။"ခင်ဗျားသားတွေကလည်း ဆူလိုက်တာ"
"ငါးတစ်ကောင်စီ ကျွေးပါ့လား၊
အရိုးထွင်ပေးဦးနော်""ခင်ဗျားသားဆိုတော့ ကျုပ်သားတွေပဲမဟုတ်ဘူးလား"
စကားနဲ့အသားယူတာလည်း လူဆိုးကောင်ပါပဲ။
သူ့စကားကို အဖက်လုပ်ပြီးပြောလိုက်ရင် ဒီ့ထက်ပိုဆိုးလာ
မယ်ဆိုတာသိသဖြင့် မသိချင်ယောင်ဆောင်ထားလိုက်ရသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...