(Unicode)
အထားအသိုခံသောအကြော်အလှော်ဟင်းဘူးများအား
တော်ဝင်ယောက်ျားသည် စိတ်ပျက်လက်ပျက်
ထိုင်ကြည့်နေမိ၏။သည်မတိုင်ခင် အလုပ်မှာဗိုက်ဆာနေသည့်
အဖြစ်သည်အိမ်သို့ပြန်အရောက်တွင်ပျောက်ချင်းမလှ
ပျောက်ကွယ်သွားလေပြီ။အကြောင်းအရင်းမှာ ခိုနားရာအိမ်ကလေးတွင်ချစ်ရပါသော
ကိုကိုမရှိ၍ဖြစ်၏။ကိုကိုမရှိသောအိမ်ငယ်ကလေးသည်
နွေရာသီပမာခြောက်ကပ်၍ လွမ်းမောဖွယ်ရာအတိ။
မျက်စိရှေ့မှအခြောက်အခြမ်းဟင်းဘူးများသည်
တော်ဝင်ယောက်ျားအတွက် နွေရတုကြော်လှော်ပေးထား
ပေးခဲ့ခြင်းသာပင်။စားချင်သောက်ချင်စိတ်မရှိတော့၍ အကြော်အလှော်ဟင်းဘူး
များအားနေရာတကျပြန်စီပြီးနောက် ထမင်းစားခန်းမှ
ထွက်ကာအိပ်ခန်းအတွင်းသို့ဝင်လိုက်သည်။ထိုအခါမှ
လွမ်းသောစိတ်ခံစားချက်တွေသည် ပို၍ပင်လှိုင်းထန်
သွားရသည်။တစ်ခန်းလုံးအပြည့်ကိုကို့ပုံရိပ်တွေချည်းသာ
သူမြင်နေမိလေသည်။ကုတင်ခြေရင်းခွေနေသော
ပြောင်ကြူးနှင့်စုတ်ဖွားလေးသည်လည်း သူတို့သခင်အား
လွမ်းနေပုံပေါ်ကာ မှိန်းကာခွေလျက်ရှိ၏။ဖြစ်နိုင်လျှင်အခုချက်ချင်းပင် ကိုကိုရှိရာရွာငယ်ကလေးသို့
တောင်ပံခတ်ပြီးပျံသန်းသွားချင်လှပါသည်။
လွမ်းကြောင်းတဖွဖွပြောကာ အကြင်နာအနမ်းများအား
ကိုကို့မျက်နှာသေးသေးလေးအပြည့်ခြွေချချင်လှသည်။ရွာမှအဒေါ်နေမကောင်း၍ နွေရတုသည်အဒေါ်အား
ပြုစုရန်ရွာပြန်သွားသည်မှာသုံးရက်ကြာပြီဖြစ်၏။
ထိုသုံးရက်ကလေးကိုပင် တော်ဝင်ယောက်ျားသည်
အချိန်ကာလသုံးနှစ်ကြာပမာခံစားနေရပေသည်။လွမ်းသည်...ပြောမပြတတ်အောင်ပင်ကိုကို့အား
သူလွမ်းနေပါသည်။............................
''နေမကောင်းဘူးလား မျက်နှာလေးချောင်ကျသွားသလိုပဲ"
''ကိုကို့ကိုလွမ်းနေရလို့ နှလုံးသားလေးနေမကောင်းဘူး"
Royalအပြောကိုသဘောကျစွာ screenတစ်ဖက်ခြားမှ
နွေရတုသည်ချိုသာကြည်လင်စွာပြုံး၏။တော်ဝင်ယောက်ျား၏အခုနောက်ပိုင်းနေပုံထိုင်ပုံ၊ပြောပုံ
ဆိုပုံသည် စသိကာစတုန်းကနှင့်နည်းနည်းမှမသက်ဆိုင်။
တစ်ယောက်စီအလားထင်မှတ်မှားနိုင်ပေသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...