'13'

63K 4.9K 104
                                    

"တော်ဝင်ယောက်ျား ထတော့၊
မနက်စာစားပြီး ဆိုင်သွားရအောင်"

ပါးစပ်ကလဲနှိုးရင်းလက်ကလဲ ပက်လက်အိပ်နေလို့
ကျယ်ပြန့်နေတဲ့သူ့ရင်အုပ်ကျယ်ကြီးကိုသာ
မနာအောင် ရိုက်ရသည်။ဒါတောင်လူဆိုးကောင်က
အင်းအင်းအဲအဲသာဖြစ်လာပြီး နှိုးမလာပေ။

လူဆိုးကောင်က အိပ်ပုပ်ကြီးလိုက်တာ.....

"ညတုန်းကတော့ ကာကွယ်ပါမယ်လေး၊
ဘာလေးနဲ့ခုကျတော့ ရိုက်နှိုးတာတောင်မထဘူး"

"ညက ခင်ဗျားကြောင့်အိပ်ရေးပျက်တာရောပြောလေ"

မျက်လုံးမဖွင့်ဘဲနဲ့ပင်လူဆိုးကောင်ကဆိုလာသည်။
လူဆိုးကောင်ပြောတာမှားနေတာတော့မဟုတ်ပေ။
ညက သူအိပ်မက်ဆိုးတွေမက်ပြီး
ခနခနနှိုးတယ်။နှိုးတိုင်းလည်း လူဆိုးကောင်ကို
သူအိပ်ယာထခိုင်းတာပင်။သူအိပ်ပျော်မှအိပ်ပါလို့
ဆိုနေတာနဲ့ လူဆိုးကောင်ကတော်တော်နဲ့မအိပ်ဖြစ်တော့
အိပ်ရေးပျက်ပုံရသည်။

"ငါထမင်းကြော်ထားတယ်၊စားသောက်ပြီးရင်
ဆိုင်သွားရအောင်"

"အင်း"

"သြော်...ရေချိုးခန်းကအပြင်ဘက်မှာနော်"

"သိတယ်"

နွေရတုရဲ့အခန်းမှာသာရေချိုးခန်းရှိပြီး
ကျန်အိပ်ခန်းနှစ်ခန်းမှာတော့မရှိပေ။

နွေရတုအခန်းထဲကထွက်လာကာ ကြောင်လေးတွေ
အစာကျွေးရင်းလူဆိုးကောင်ကိုစောင့်နေလိုက်သည်။
သူစောစောထကာ ဘုရားပန်းအိုးရေလဲ၊
ပန်းပင်ရေလောင်းပြီးပြီပင်။

"အာ...မင်းရေချိုးတာမြန်လိုက်တာ"

အစာကျွေးပြီးခေါင်းမော့ကြည့်လိုက်တော့Royalက
မီးဖိုချောင်တံခါးကိုမှီကာသူ့ကိုကြည့်နေခြင်းပင်။
ဒီတစ်ခါလည်း အမည်းကွက်ရှပ်ကိုဖယိုဖရဲသာဝတ်ဆင်
ထားသည်။ချောတဲ့သူဆိုတော့လည်း
ဘယ်လိုနေနေကိုချောနေတော့တာပင်။

"လာ ထမင်းကြော်စားရအောင်"

ထမင်းချည်းပဲကြော်ထားတာမဟုတ်၊အသားကိုသေးသေးလေးတွေဖဲ့ကာအရွက်နဲ့ထမင်းရောကြော်ထားသဖြင့်အရသာကောင်းသည်။

ROYAL HUSBAND Where stories live. Discover now