"ကိုစေ....ဟင့်"
ညကအရက်အလွန်အကျွံသောက်ထားသဖြင့်
မနက်ရောက်တော့ ခေါင်းမကြည်။
သံပုရာရည်တစ်ခွက်သောက်ကာ အိမ်ရှေ့ထိုင်နေတုန်း
မယ့်ထံမှဖုန်းလာသဖြင့် ကိုင်လိုက်တော့
ငိုရှိုက်သံနဲ့ကြိုဆိုလေတဲ့ ညီမဖြစ်သူ။"မယ် ဘာဖြစ်တာလဲ"
အလောတကြီးဆိုမိသည်က ညီမငယ်ကိုစိတ်ပူနေသောကြောင့်။
"မယ်လက်မထပ်ချင်ဘူး...ကိုစေ..ဟင့်"
ငိုသံနှင့်ဗလုံးဗထွေးဆိုလာသူကြောင့် အတွေးများရသူက
စေရာမျိုးမြင့်ပင်။အမေက မယ့်ကိုအတင်းအကြပ်များ
လက်ထပ်ခိုင်းနေတာလား။"မယ်ဘာဖြစ်တာလဲ၊အစ်ကို့ကိုသေချာပြော"
မယ်က အကြောင်းစုံပြောပြလာပြီး ရှိုက်ငိုနေပြန်ပါသည်။
စေရာအကြောင်းစုံလည်းသိရော မယ့်ကိုသနားသည့်အပြင်
ပထမဆုံးအကြိမ် အမေ့ကိုစိတ်ပျက်မိခြင်း။
သူသာ ထိုစေ့စပ်ပွဲအကြောင်းသိရင် ကန့်ကွက်မည်ကိုသိသဖြင့် သူ့ကိုမဖိတ်ခြင်းသာဖြစ်မည်။"မယ်ဘယ်လိုလုပ်ရမလဲဟင် ကိုစေ၊
သူက မယ့်ကိုတစ်မျိုးထင်သွားရင် ဘယ်လိုလုပ်ရမလဲဟင်""သူ...ဘယ်သူလဲ မယ်"
"သူ...သူရထက်နိုင်"
ယုံကြည်ရတဲ့သူမို့ မယ် ကိုစေ့ကိုဖွင့်ဟဝန်ခံမိသည်။
ဒေါ်လေးစကားမပယ်ရှားနိုင်လို့ စေ့စပ်ပွဲကိုလက်ခံလိုက်ရ
ပေမယ့် မယ်နဲ့စေ့စပ်တဲ့သူက Royalဖြစ်သည့်အလျောက်
သူရထက်နိုင်သိသွားမည်မှာ မလွဲဧကန်။
အရင်ကစိတ်ကစားလို့ Royalအပေါ်ခံစားချက်ရှိခဲ့ပေမယ့်
အခုမယ်တကယ်ချစ်တာက သူရထက်နိုင်ကိုပင်။
မယ့်ကို တန်ဖိုးထားပြီးချစ်ပေးတဲ့သူကို
မယ် လက်လွှတ်ခံအဆုံးရှုံးမခံနိုင်။"မငိုနဲ့တော့နော် မယ်၊
အစ်ကိုက အားလုံးပြေလည်သွားအောင်ဖြေရှင်းပေးမှာမို့
ဘာမှစိတ်ပူမနေနဲ့""ဟုတ်...ကိုစေ"
"မယ်ချစ်ရတဲ့သူနဲ့ပေါင်းဖက်ရမှာပါ...အစ်ကို့ကိုယုံ"
မယ့်ကိုသာ ချစ်ရသူနဲ့အဆင်ပြေဖို့ သူကတိပေးလိုက်နိုင်ပေမယ့် သူကတော့
ဒီတစ်သက်ချစ်ရသူနဲ့မနီးစပ်နိုင်တော့တာကိုတွေးမိရင်
နှလုံးသားကဆစ်ခနဲနာသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...