31

49K 3.6K 59
                                    

ရင်ခွင်ထဲသို့ခေါင်းတိုးဝင်လာတဲ့အထိအတွေ့ကြောင့်
Royalနှိုးလာသည်။ပြတင်းလိုက်ကာကြားမှ
အလင်းရောင်ထိုးထွက်နေသဖြင့် မိုးလင်းနေပြီဆိုတာ
သိလိုက်၏။

ရင်ခွင်ထဲကလူကိုကြည့်လိုက်တော့ သူ့လက်မောင်းပေါ်
ခေါင်းအုံးထားပြီး လက်တစ်ဖက်ကလည်းသူ့ကိုယ်ကို
ပွေ့ဖက်ထားသည်။ခါတိုင်း ဒီလိုအချိန်ဆို အလှလေးက
အကုန်ပြင်ဆင်လို့ပြီးနေပေမယ့် ညတုန်းကပင်ပန်းထားသဖြင့်
ခုမထနိုင်ခြင်းပင်။

ဟေးးးးပင်ပန်းတယ်ဆိုလို့ အတွေးမများပါနဲ့။
သုံးထိပ်စီးလူပျိုကြီးကို အနမ်းသင်တန်းဆင်းပေးနေရလို့
ညဥ့်နက်သွားခြင်းသာ။ရင်ဘတ်ပေါ်ကလက်ကို
အသာလေးချကာ သူထထိုင်လိုက်ပြီး အိပ်နေတုန်းဖြစ်တဲ့
အလှလေးကိုကြည့်နေလိုက်သည်။သေချာပေါက်
သူ့နှုတ်ခမ်းတွေက ပြုံးရိပ်သန်းလို့။သူနမ်းထားလို့
ဖူးယောင်နေတဲ့နှုတ်ခမ်းလေးကို လက်နဲ့အသာပွတ်သပ်လိုက်
တော့ အိပ်နေသူကသူ့လက်ကိုပုတ်ထုပ်ကာ
တစ်ဖက်လှည့်ပြန်အိပ်သွားလေသည်။

"ချစ်စရာလေးကွာ"

~~Ring. ..Ring~~

စားပွဲပေါ်တင်ထားတဲ့ဖုန်းသံမြည်လာသဖြင့်
အမြန်ကောက်ကိုင်လိုက်ရသည်။အိပ်နေသူကို မနှိုးစေလို။
ဖုန်းscreenမှာပေါ်နေတာက 'Nay Yaung'

"မနက်စောစောကြီးကိုကွာ"

"မနက်စောစောလုပ်မနေနဲ့ Royal၊
မင်းမြင်ပြီးပြီလား"

"ဘာကိုမြင်ရမှာလဲ၊ရှင်းအောင်ပြော"

"မင်းမသိသေးဘူးပဲ၊လိုင်းဖွင့်လိုက် Royal၊
Cbကနေ ငါlinkပို့လိုက်မယ်၊ဝင်ကြည့်လိုက်"

"ဘာကိုလဲ"

"ငါပြောသလိုသာလုပ်စမ်းပါ"

မြန်မြန်ပင်နေရောင့်ဘက်မှဖုန်းချသွားလေသည်။
နေရောင် အလောတကြီးဖြစ်တာတစ်ခါမှမမြင်ဖူးသဖြင့်
လိုင်းဖွင့်ကာ messengerပြေးကြည့်ရသည်။
တင်ခနဲဆိုသောအသံနှင့် နေရောင်ပို့လာသော link
Linkထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့ပို့စ်ကြောင့်
သူလက်သီးဆုပ်လိုက်မိသည်။

ဘယ်သူတွေကများ ရာရာစစသူ့လူကိုထိရဲရတာလဲ။
Commentsတွေဝင်ကြည့်လိုက်တော့ ဆိုးရွှားသော
မှတ်ချက်တွေက နွေရတုဆီသာလျှင်ဦးတည်သည်။
တစ်ချို့ကောမန့်တွေကတော့ နွေရတုကောင်းကြောင်း
ရေးသားထားလေသည်။

ROYAL HUSBAND Where stories live. Discover now