I'd climb every mountain~~
တောင်တွေကို ကျော်ဖြတ်နိုင်ပါတယ်......Swim every ocean~~
ပင်လယ်တွေလည်း ကူးနိုင်ပါတယ်.....Just to be with you~~
မင်းသာ ငါနဲ့အတူရှိမယ်ဆိုရင်ပေါ့.....Recommend song:::You Are The Reason
.........................
"ဘာလို့လဲ...ဘာလို့ဒယ်ဒီက ဒီလိုလုပ်ရက်တာလဲ!!"
ဘယ်လိုပဲ သူနဲ့ဒယ်ဒီကဆက်ဆံရေးမကောင်းဘူးပဲဆိုဆို
သားအဖတွေပဲမဟုတ်လား။လုပ်ရက်လိုက်တာဆိုတဲ့အတွေး
က သူ့စိတ်ကိုသတ်သည်။"မင်းက ငါ့သွေးသားဖြစ်နေလို့၊
မင်းမရှက်ဘူးလား...တော်ဝင်ယောက်ျားကgayပါလို့
သူများတွေပြောလာမှာကို၊ငါကတော့ ရှင်းရှင်းပဲ
မင်းကိုသူများတွေ gayလို့ပြောမှာကို
ငါမကြိုက်သလို ငါကိုယ်တိုင်လည်း gayတစ်ယောက်ရဲ့
အဖေမဖြစ်ချင်ဘူး""ဇာနည်တော်ဝင်!!!"
"ကိုကြီး"
ဦးဇာနည်ရဲ့ရင့်ရင်းသီးသီးစကားတွေကြောင့်
ဦးမင်းတော်ဝင်နဲ့ဒေါ်မြတ်ပန်းတော်ဝင်က ဟန့်တားရန်
ပြင်လိုက်ပေမယ့်"ကျွန်တော်နဲ့Royalရဲ့စကားဝိုင်းမို့
ကျန်တဲ့သူတွေ တိတ်တိတ်လေးနေပေးနိုင်မလား"တင်းမာနေတဲ့အခြေအနေကြောင့် နိုဘယ်တော်ဝင်က ကလေးပီပီကြောက်ရွံ့စွာ နန်းထိုက်တော်ဝင်ကို
ဖက်တွယ်ထားလေသည်။သူယောင်မယ်ကလည်း
ဒေါ်မိုးကလျာဘေးမှာ ငြိမ်ကုပ်လျက်.....။"ငါမင်းကိုအခွင့်အရေးပေးခဲ့သားပဲ၊
အစကတည်းက မင်း မယ့်ကိုလက်ထပ်လိုက်ရင်
ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး""ဟက်"
သူ့စကားကို သားဖြစ်သူကခပ်ဟဟရယ်သံနဲ့
တုန့်ပြန်လာသဖြင့် ဒေါသထွက်လာရသည်။"အချိန်တွေနောက်ပြန်ရစ်လို့ရမယ်ဆိုရင်တောင်
ကျွန်တော်က နွေရတုကိုပဲရွေးချယ်ခဲ့မယ်ဆိုရင်ရော""ဒီ့ထက်ဆိုးတဲ့ကိစ္စတွေ ဖြစ်လာမှာပေါ့"
"ကြည့်ရတာ ဦးဇာနည်တော်ဝင်က
ကျုပ်ကို ကိုယ့်ချစ်သူကိုတောင်မကာကွယ်နိုင်တဲ့
ငချွတ်လေးတစ်ယောက်လို့ ထင်နေပုံပဲ"
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...