ကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့
တစ်ခြမ်းပဲ့လလေးကို ကြယ်အစုတွေကြားမှာ
တွေ့လိုက်ရသည်။လကွယ်ရက်နီးလာပြီဖြစ်သဖြင့်
ပတ်ဝန်းကျင်ကို အလင်းသိပ်မပေးနိုင်ပေ။တံခါးဘောင်ကိုမှီကာလက်ပိုက်ကြည့်နေရင်း
ချစ်ရသူလေးရော ခုချိန်ဘာလုပ်နေမလဲတွေးမိတော့
ပြုံးမိရပြန်ပါသည်။"နွေရတု"ဆိုတဲ့လူသားလေးကသူ့အတွက်တော့
နာမည်လေးကြားယုံ၊အသံလေးကြားရယုံနဲ့
သူ့နှုတ်ခမ်းတွေကွေးတက်သွားအောင်
လုပ်နိုင်စွမ်းရှိသည်ပင်။ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကာဖွင့်လိုက်တော့
ပါးပြည့်ပြည့်လေးမို့တက်နေအောင်ပြုံးပျော်နေသော
ရတုကို သူကကျောနောက်မှဖက်ထားတဲ့ပုံပင်။အပေါင်းအသင်းရှားကာ ခပ်အေးအေးနေတတ်တဲ့ရတုကို
သူ့ဘက်ကစပြီးသဘောကျကာ ချဥ်းကပ်ခဲ့ခြင်းပင်။
ဒါကို ငတုံးလေးရတုက ရိပ်မိခဲ့မယ်မထင်ပါဘူး။ချစ်တယ်သားနဲ့ ဘာလို့ဖွင့်မပြောလဲမေးရင်
သူကြောက်လို့.....။သူဖွင့်ပြောလိုက်လို့
ရတုကပြန်မချစ်နိုင်ဘဲ သူငယ်ချင်းအဖြစ်ကနေ
စွန့်လွှတ်လိုက်ရင် သူပဲရင်ကွဲရလိမ့်မည်။အများတကာနဲ့ဆို ခြင်္သေ့တစ်ကောင်လိုရဲရင့်တဲ့
စေရာမျိုးမြင့်က နွေရတုနဲ့ပတ်သက်ရင်
ပိုးကောင်သာသာပါပဲ။နွေရတုပြန်မချစ်မှာထက်
ချစ်ရသူအနားမနေရတော့မှာကို သူပိုပြီးစိုးရိမ်ပါသည်။ချစ်ရပါသည်.....အထိအခိုက်မခံနိုင်လောက်အောင်
ချစ်ရပါသည်.....အပိုင်သိမ်းချင်ရလောက်အောင်
စေရာမျိုးမြင့်ဆိုတဲ့သူက နွေရတုဆိုတဲ့ငတုံးလေးကို
သိပ်သိပ်ကိုချစ်ရပါသည်............................................
"သခင်လေးက ခု×××ရပ်ကွက်က အိမ်နံပါတ်×××မှာ
အိမ်ငှားနေပါတယ်""ဆက်စောင့်ကြည့်ထား"
"ဟုတ်ကဲ့"
ဖုန်းချပြီးရှေ့မျက်နှာချင်းဆိုင်ကိုကြည့်လိုက်တော့
သမီးဖြစ်သူမြတ်ပန်းတော်ဝင်က စိတ်ဝင်စားစွာ
ကြည့်နေလေသည်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...