28

49.1K 3.7K 29
                                    

"ညနေကျ အိမ်ပြန်လာခဲ့၊
ဖြစ်သလို ဝတ်စားမလာနဲ့၊အရေးကြီးတဲ့ပွဲဖြစ်လို့
suitဖြစ်ဖြစ် ဝတ်ခဲ့"

"ကျွန်တော်မလာဘူးဆိုရင်ရော"

သူ့ရဲ့တုံ့ပြန်စကားကြောင့် တစ်ဖက်မှလူဒေါသထွက်သွားသည်ကိုဖုန်းထဲကကြားနေရတဲ့
တရှူးရှူးအသံတွေကြောင့်သိရသည်။

"မလာမဖြစ်လာရမယ်၊ဒီပွဲမှာ မင်းကအရေးကြီးဆုံးမို့"

ဒေါသကိုထိန်းချုပ်ထားဟန်အသံဖြင့်ဆိုလာသော ဒယ်ဒီ။
ဘာပွဲမို့ သူကအရေးကြီးဆုံးလဲ။သူ့မွေးနေ့လည်းမဟုတ်တာသေချာသည်။Companyနှစ်ပတ်လည်နေ့လည်းမဟုတ်ပေ။
အဘိုးကလည်း သူ့ကိုလှမ်းပြီးအကြောင်းမကြား။

"ဘာမှလျှောက်တွေးမနေနဲ့၊ညနေတိုင်ကျ စောစောလာ၊
နောက်မကျစေနဲ့"

ငြင်းလည်းမရမကခေါ်နေဦးမှာသိသဖြင့် လာမယ်လို့သာ
ပြောလိုက်ရသည်။တကယ်ဆို အိမ်ဘက်ကိုခြေဦးမလှည့်ချင်။

......................

"တော်ဝင်စံအိမ်"

မှန်ထဲမှာမြင်နေရတဲ့သူမမျက်နှာကပြင်ဆင်ခြယ်သထားတဲ့
မိတ်ကပ်တွေကြောင့် အရင်ကထက်ပိုလှနေသည်မှာအမှန်။

"အဒေါ့်တူမက တကယ်ကိုအချောလေးပဲ"

အခန်းတံခါးဖွင့်ကာဝင်လာသောဒေါ်လေးက
သူမကိုကြည့်ကာဆိုလာသည်။မှန်တင်ခုံမှထကာ
အဒေါ့်ဘက်လှည့်လိုက်ပြီး

"ဖြစ်ပါ့မလား ဒေါ်လေး"

သူမစကားက အရင်းမရှိ၊အဖျားမရှိပေမယ့်
ဒေါ်လေးကတော့နားလည်သူပီပီ ခေါင်းတဆတ်ဆတ်ငြိမ့်ပြ
လာပြီး ဝတ်ထားတဲ့ကိုယ်ကျပ်အက်ျီလေးကိုပြုပြင်ပေးလာ
ရင်း

"ဘာမှပူမနေနဲ့၊Royalဒီတစ်ခါဘယ်လိုမှမငြင်းနိုင်ဘူး"

"ဒါပေမယ့်..."

"ဧည့်သည်တွေစုံနေပြီ၊လာ..အောက်ဆင်းကြစို့"

အငြင်းစကားဆိုရန်ပြင်လိုက်ပေမယ့် အဒေါ်ကသူမကို
စကားစခွင့်မပေးတော့။အရင်ကစိတ်နဲ့ဆိုခုချိန်ပျော်မြူးနေမှာ
ဖြစ်ပေမယ့် Royalကိုသာမာန်လူလို့မြင်ပြီးနောက်ပိုင်း
အပိုင်မလိုချင်တော့။

ROYAL HUSBAND Where stories live. Discover now