"Royal ရှင် ဘာ..ဘာလုပ်မလို့လဲ"
သူမဆီတဖြည်းဖြည်းတိုးကပ်လာသော Royalကြောင့်
ကြောက်လန့်စွာနောက်ဆုတ်နေမိသည်။
နိုနိုကတော့ ဘယ်ချိန်ကတည်းကထွက်ပြေးသွားလည်းမသိ
အနီးနားမှာမရှိတော့ပေ။ကျန်တဲ့အချိန် Royalကချောမောခန့်ညားတဲ့
နတ်ဘုရားတစ်ပါးလို့ပြောနိုင်ပေမယ့်
ဒေါသထွက်နေတဲ့အချိန်ဆိုရင်
နတ်ဆိုးတစ်ပါးနှင့်တူပေသည်။
သို့သော်...ချောမောနေတုန်းပင်။"ခွမ်း"
သူမဆီလာနေရာမှ Royalက
နံရံဘက်သို့မျက်နှာလွှဲသွားကာ
ချိတ်ထားတဲ့ ဦးဇာနည်နဲ့ဒေါ်လေးတွဲရိုက်ထားတဲ့ပုံကို
ဖြုတ်ကာ ရိုက်ခွဲလိုက်ခြင်းပင်။
မှန်ဘောင်ခတ်ထားသောကြောင့်
ဖန်စတွေပြန့်ကျဲကုန်သည်။ကြောက်စိတ်ကြောင့် သူယောင်မယ့်ကိုယ်က
တုန်တုန်ယင်ယင်နဲ့ပင်။"ခွမ်း..ခွမ်း...ခွမ်း"
ချိတ်ထားသမျှပုံတွေကိုတစ်ပုံချင်း
ပေါက်ခွဲနေခြင်းပင်။ဖန်ကွဲစတွေ
သူမကိုလာစင်မှာစိုးသဖြင့်
ဝေးရာသို့ရွေ့ရသည်။"ဟယ်...သွားပါပြီ"
ဒေါ်မိုးကလျာက ဘေးဆုံးအခန်းကနေပြေးထွက်လာကာ
အော်ကြီးဟစ်ကျယ်အော်ကာပြောလာလေသည်။
Royalက သူမအသံကြားတော့
လက်ထဲကဓာတ်ပုံကိုအပေါ်မြောက်ရင်း
ဒေါ်မိုးကလျာကို ခပ်ထေ့ထေ့ကြည့်ရင်း
ပေါက်ခွဲလေသည်။ထိုပုံက ဦးဇာနည်တော်ဝင်နဲ့သူမရဲ့
မင်္ဂလာဓာတ်ပုံပင်။"အစ်ကိုရေ ရှင့်သားလုပ်ပုံကို
လာကြည့်ပါဦးတော်"အလုပ်ပိတ်ရက်ဖြစ်သဖြင့် အိမ်မှာလူစုံနေလေသည်။
ဦးမင်းတော်ဝင်တို့မိသားစုတွေအပြင်
အိမ်ကအလုပ်သမားတွေပါ အပြေးလာကြည့်ကြသည်။"တော်ဝင်ယောက်ျား မင်းဒါဘာဖြစ်ပြန်တာလဲ"
ဒေါ်မိုးကလျာက ဓာတ်ပုံလေးတွေကောက်ကိုင်ကာ
တရှုံ့ရှုံ့နဲ့ငိုနေသည်။ဒီပုံတွေက
ဧည့်ခန်းမှာချိတ်ခွင့်မရှိတဲ့ပုံတွေ။
ဧည့်ခန်းမှာချိတ်ထားတဲ့ ဦးဇာနည်တော်ဝင်နဲ့
ဒေါ်ခင်လေးငယ်(Royalမိခင်)တို့ရဲ့မင်္ဂလာဓာတ်ပုံ
ကို ဖယ်ခွင့်မပြုလို့
သူမတို့ဓာတ်ပုံတွေကို ဒုတိယထပ်မှာချိတ်ထားရခြင်းပင်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...