16

54K 4.2K 97
                                    

"ကိုကိုhusbandကို မလွမ်းဘူးလားဟင် မမမယ်"

သူ့ရှေ့မှာအရုပ်ဆက်နေတဲ့မမမယ်ကိုသိလိုစိတ်ဖြင့်
နိုနိုမေးလိုက်တော့ မမမယ်ကသူ့ကိုမျက်လုံးလှန်ကြည့်လာကာ

"ဘာလို့လွမ်းရမှာလဲ"

"မမမယ်က ကိုကိုhusband ကိုကြိုက်နေတာမလား"

နိုဘယ်တော်ဝင်က ကလေးသာဆိုတယ်။
အကုန်သိ၊အကုန်တတ်တဲ့ ကလေးလေးပင်။
အရင်က သူ မကောင်းဘူးလို့ထင်ထားတဲ့မမမယ်က
ခုဆိုသူ့ရဲ့ကစားဖော်ပင်ဖြစ်နေပြီ။

"အရင်ကပါ၊ခုတော့ မကြိုက်ပါဘူး"

"ဘာလို့မကြိုက်တော့တာလဲဟင်၊
ကိုကိုhusband ကအရမ်းချောတာပဲကို"

"နိုနိုလေးရဲ့ကိုကိုက မမမျက်စိထဲ
မချောတော့လို့ပေါ့"

ဒါ သူမ အမှန်အတိုင်းဆိုလိုက်တာပင်။
အရင်က ဒေါ်လေးရဲ့ဖိအားပေးမှုတွေကြောင့်အပြင်
သူမကိုယ်တိုင်ကလဲ ချောမောခန့်ညားတဲ့Royalကို
ချစ်သူကောင်လေးအဖြစ်လိုချင်ခဲ့မိသည်။
သို့ပေမယ့် သေချာစဥ်းစားစီစစ်လိုက်တော့
Royalကို အမှန်တကယ်မချစ်ဘူးဆိုတဲ့အဖြေထွက်လာသည်။
ဒီတိုင်း Royalရဲ့ချောမောမှုမှာ ခဏတာနစ်မျောသွားယုံပါပဲ.....။

"နိုနိုလည်းကြီးလာရင် ကိုကိုhusband လို
စော်ကြည်ချင်တယ်"

ပြောရင်းပင် အရွယ်ရောက်လာတဲ့သူ့အနားမှာ
ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတာကို
မြင်ယောင်ကြည့်လိုက်တော့
မျက်လုံးလေးတွေပင် တလက်လက်ဖြစ်လာရသည်။
စော်ကြည်တဲ့ နိုဘယ်တော်ဝင်လေး....။

"ငယ်ငယ်လေးပဲရှိသေးတာကိုနော်"

"အာ့...မမမယ်ကလည်း"

သူယောင်မယ်က နိုနို့ရဲ့နဖူးလေးကိုအသာလေးရိုက်လိုက်တော့
နိုနိုက နှုတ်ခမ်းတစ်တောင်လောက်စူထွက်လာလေသည်။

"သူယောင်မယ်"

နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့.
ဒေါ်လေးက အခန်းတံခါးမှီကာခေါ်နေခြင်းပင်။

"ရှင် ဒေါ်လေး"

"ပြောစရာရှိလို့ အခန်းထဲလာခဲ့"

ROYAL HUSBAND Where stories live. Discover now