သေချာဂရုတစိုက်ပုံဖော်ထားသောလူပုံတူပန်းချီကို
ကြည့်ပြီး ရင်ထဲကြည်နူးမှုတွေကတလိပ်လိပ်ဝင်ရောက်
လာသည်။တိုးတက်လာတဲ့ကိုယ့်လက်ရာကို
ကိုယ်တိုင်ချီးကျူးမိသည်။ဆိုင်ပြင်ကိုလှမ်းကြည့်လိုက်မိတော့ညဥ့်နက်နေပြီဖြစ်သဖြင့်
လမ်းမကြီးပေါ်မှာပင် အသွားအလာကျဲနေလေပြီ။
"Open"ဆိုတဲ့စာတမ်းလေးကဆိုင်ထဲမှာနေရာယူထားပြီး
"Close"ဆိုတဲ့စာတမ်းလေးကဆိုင်ပြင်သို့မျက်နှာမူထား
သည်မှာ အချိန်တစ်ခုစာကြာနေလေပြီ။ပန်းချီဆွဲသည့်ထဲစိတ်ရောက်နေသဖြင့်
အချိန်ဒီလောက်ကြာသွားမှန်းမသိလိုက်ပေ။
လက်ကနာရီကိုကြည့်လိုက်တော့10ခွဲနေလေပြီ။
ဆိုင်ကသူ့အတွက်သီးသန့်ခန်းထဲမှာပဲအိပ်လို့ရတယ်
ဆိုသော်ငြား ထင်သလောက်လည်းမိုးမချုပ်သေးသဖြင့်
အိမ်ပြန်ရန်သာ သူဆုံးဖြတ်လိုက်သည်။
ကိုနိုင်နဲ့ကောင်းထက်နဲ့က အားလုံးသိမ်းဆည်းထားခဲ့ပြီ
ဖြစ်၍ သူ့အနေနဲ့မီးပိတ်ပြီး ဆိုင်သော့ခတ်ကာ
အိမ်ပြန်ဖို့ပင်ရှိတော့သည်။နောက်ဆုံး သူဆွဲထားတဲ့ပုံတူပန်းချီကိုတစ်ချက်ကြည့်ကာ
စားပွဲပေါ်ကပစ္စည်းတွေကိုသိမ်းကာ ဆိုင်နောက်ဖေးက
သူ့အခန်းထဲသို့ဝင်ထားလိုက်သည်။
အခန်းကိုသော့ခတ်ကာ ဆိုင်ပြင်ထွက်လာတော့
ဘေးထောင့်လေးမှာရပ်ထားတဲ့စက်ဘီးအမည်းလေးက
သခင်ကိုစောင့်ကြိုနေသည့်အလား ခပ်မတ်မတ်ပင်။အိမ်ကဖေဖေ့ကားကိုစီးလို့ရပေမယ့်
ဆိုင်နဲ့အိမ်နဲ့ကအကွာအဝေးဘယ်လောက်မှမရှိသဖြင့်
စက်ဘီးနဲ့သာအသွားအလာလုပ်နေခြင်းပင်။
ကားမောင်းရတာထက် စက်ဘီးနင်းရတာကို
ပိုသဘောကျတာလည်းပါတာပေါ့။"Nway"ဆိုတဲ့ဆိုင်ဆိုင်းဘုတ်ကိုတစ်ချက်မော့ကြည့်ကာ
စက်ဘီးဒေါက်ဖြုတ်ကာနင်းထွက်လာလိုက်သည်။
သွားနေကျလမ်းဖြစ်သည့်အပြင် သူတို့ရပ်ကွက်က
လူရမ်းကားမရှိသလောက်ရှားသဖြင့် ထွေထွေထူးထူးကြောက်စိတ်မရှိပေ။ပန်းချီဆွဲတာက သူ့ဝါသနာဆိုရင်
Cafeဆိုင်ဖွင့်ချင်တာက သူ့အိပ်မက်ပင်။
ချက်ချက်ချာချာရှိတဲ့နေရာတစ်ခုမှာမကျဥ်းမကျယ်Cafe
ဆိုင်လေးဖွင့်မယ်။စာဖတ်ဝါသနာပါသူတွေအတွက်
ဆိုင်ထောင့်နားမှာ စာအုပ်စင်လေးထားမယ်။
ဆိုင်တွင်းထဲမယ် မြန်မာသီချင်းအပြင်
နိုင်ငံခြားအလွမ်းအဆွေးသီချင်းလေးတွေဖွင့်မယ်။
ဘာလို့ဆို သူကိုယ်တိုင်က
ခပ်မြူးမြူးသီချင်းတွေကိုခံစားလို့မရဘဲ
အဆွေးသီချင်းတွေကိုသာ ခံစားတတ်လို့....
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...