"ဒယ်ဒီနဲ့မာမီက မိဘတွေသဘောတူလို့ယူထားကြတာလေ၊
နှစ်ဖက်စီးပွားပိုတောင့်တင်းအောင်ပေါ့"လူဆိုးကောင်ရဲ့နှုတ်ခမ်းကဒဏ်ရာကို ဆေးထည့်ပြီးချင်း
သူ့ပေါင်ပေါ်ခေါင်းအုံးလာသဖြင့် အလိုက်တသိ
ဆံပင်တွေကို ပွတ်သပ်ပေးနေမိသည်။အခုလည်း
လူဆိုးကောင်က ခံစားခဲ့ရတာတွေကိုရင်ဖွင့်ချင်ပုံရသည်။"ကျွန်တော်လူမှန်းသိတတ်စအချိန်ကတည်းက
ဒယ်ဒီက မာ့မီအပေါ်ကြင်နာပြတာ တစ်ခါမှမမြင်ဖူးဘူး၊
မာမီကတော့ ယူကာစကမချစ်ပေမယ့် အနေကြာတော့
သံယောဇဥ်တွယ်သွားပုံပါပဲ"ပေါင်ပေါ်ကလူဆိုးကောင်ကို ငုံ့ကြည့်လိုက်တော့
သူကလည်းကိုယ့်ကိုမော့ကြည့်လာကာ မျက်နှာပြန်လွှဲသွားပြီး"နောက်ပိုင်း ဒယ်ဒီကအိမ်ပြန်ချိန်မမှန်တော့ဘူး၊
ပြန်မလာတဲ့နေ့တွေတောင်ရှိတယ်၊မာမီကတော့
ပြန်မလာမချင်းစောင့်ရှာတယ်""မင်းအဘိုးက ဒါတွေမသိဘူးလား"
"ဟက်...မာမီကဒယ်ဒီ့ကိုချစ်တယ်လေ၊
အဘိုးက ဒယ်ဒီ့ကိုအပြစ်မတင်အောင် ကာဆီးပေးတာပေါ့""မာမီ့အတွက်က ဒီတစ်သက်လုံးဒယ်ဒီတစ်ယောက်ထဲ
ဆိုတာသေချာပေမယ့် ဒယ်ဒီ့အတွက်ကတော့မာမီတစ်ယောက်တည်းနဲ့မလုံလောက်ဘူးထင်ပါတယ်"လူဆိုးကောင်အသံကအဖျားမှာတိမ်ဝင်သွားသဖြင့်
သူငုံ့ကြည့်လိုက်တော့ အရည်ကြည်တွေရစ်သိုင်းနေတဲ့
မျက်ဝန်းတစ်စုံကိုမြင်တွေ့လိုက်ရသည်။ချစ်ရသူဝမ်းနည်း
နေတာမြင်တော့ သူလည်းမပျော်။အနည်းငယ်စိတ်သက်သာရာရစေငြား နှဖူးပြင်ကို
ခေါင်းငုံ့ကာအနမ်းဖွဖွပေးမိသည်။"ကျွန်တော်အဆင်ပြေပါတယ်"
"အဲ့နေ့က ကျွန်တော့်မွေးနေ့၊ဒယ်ဒီက လက်ဆောင်ပေးပြီး
အပြင်ထွက်သွားတာ ပွဲပြီးတဲ့အချိန်အထိပြန်မလာဘူး၊
အဲ့ညမှာပဲ မာမီ့ဆီကိုဖုန်းလာတယ်၊ဒယ်ဒီ့နောက်လိုက်ဖို့
မာမီလွှတ်ထားတဲ့သူဆီကလေ၊ဖြစ်ချင်တော့ ကျွန်တော်က
အိပ်မပျော်သေးဘူး၊လိုက်မယ်လို့မရမကပူဆာတော့
မငြင်းနိုင်သူ မာမီကကျွန်တော့်ကိုပါအတူခေါ်သွားတယ်"
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...