9

64.1K 4.7K 250
                                    

"ဗျာ၊ဒီနေ့အိမ်အငှားတင်တဲ့သူလာမယ်ဟုတ်လား"

ဒီနေ့ကဆိုင်ပိတ်ရက်ဖြစ်သဖြင့်နွေရတုအားယားနေလို့
TV ရှေ့ထိုင်ကာမနက်ကစျေးထဲမှာဝယ်ခဲ့တဲ့
Korea Dramaကားခွေထိုးကြည့်နေခြင်းပင်။
ဒေါ်လေးဆီကဖုန်းလာလို့ကိုင်လိုက်ခါမှ
မပြောမဆို အိမ်အငှားနေမယ့်သူလာမယ့်အကြောင်း
ပြောလာလို့ သူအံ့သြရပြန်သည်။

"ဒေါ်လေးက ကျွန်တော့်ကိုလည်းဘာမှမပြောဘူး၊
ပြီးတော့ ဗြုန်းစားကြီး"

"ကြိုအသိပေးရင် ငါ့တူငြင်းမှာသိလို့ပေါ့ကွယ်၊
အဖော်ရအောင် မိန်းမယူပါဆိုတော့လည်းမင်းကမဟုတ်"

"ဒေါ်လေးကတော့ တအားကိုမိန်းမယူစေချင်နေတာပဲ"

အဖေနဲ့အမေဆုံးသွားကတည်းက
ဒေါ်လေးကသူ့ကိုလိုလေသေးမရှိအောင်
ပျိုးထောင်ပေးသဖြင့် ဒေါ်လေးဆိုတာသူ့အတွက်
အမေနဲ့မခြားပေ။

ရွာကအဖွားက သူမသေခင်လယ်ကွက်တွေကိုသူ့ဆီရည်ရွယ်ပြီး
အမွေပေးလာပေမယ့် မြို့မှာနေတဲ့သူက
ဘာလုပ်ရမှန်းမသိသဖြင့် ဒေါ်လေးတို့ကို
ကျေးဇူးဆပ်တဲ့အနေနှင့် ကန်တော့လိုက်သည်။

ဒါပေမယ့် ဒေါ်လေးကငြင်းဆန်လာပြီး
လယ်တွေကိုအပိုင်မယူဘဲ ထိုလယ်မှာဖြစ်ထွန်းသော
သီးနှံတို့ရောင်းရသမျှအမြတ်ငွေကိုသုံးပုံနှစ်ပုံကို
သူယူစေကာ ကျန်တာသာယူသည်။
'မိန်းမယူရင်တင်တောင်းဖို့ များများစု'ဟုလည်း
အမြဲဆိုတတ်သည်ပင်။

"ကျန်တဲ့နေ့တွေဆို မင်းမအားမှာသိလို့
ဒီနေ့ဆိုင်ပိတ်ရက်ကိုလွှတ်လိုက်တာ"

တစ်ခြားcafeဆိုင်တွေတော့မပြောတတ်ပေမယ့်
သူ့ဆိုင်ကတော့နှစ်ပတ်မှတစ်ရက်သာဆိုင်ပိတ်သည်။
ဆိုင်ဆိုလို့ မနက်တိုင်းကော်ဖီမသောက်၊
မုန့်မစားဘဲ ဆိုင်လာထိုင်တတ်သောလူဆိုးကောင်ရဲ့ပုံရိပ်က
သူ့မျက်ဝန်းထဲ ထင်ဟပ်လာသည်မို့ခေါင်းယမ်းလိုက်ရသည်။

"ဒေါ်လေးကမင်းကို အဖော်နဲ့နေစေချင်လို့ပါကွယ်၊
မင်း တစ်အိုးတစ်အိမ်ထူထောင်ခဲ့ရင်လည်း
တစ်မျိုးပေါ့"

"ကျွန်တော့်ဖူးစာရှင်က ခုချိန်ထိမမွေးသေးဘူးနဲ့တူပါတယ်
ဒေါ်လေးရယ်"

ROYAL HUSBAND Where stories live. Discover now