34

51.2K 3.7K 40
                                    

"တော်သင့်ပြီ"

အရက်တစ်ပုလင်းကိုလက်လှမ်းနေသော သားဖြစ်သူကို
တားလိုက်တော့ သူ့ကိုမျက်လုံးလှန်ကြည့်လာကာ
မထိတထိရယ်လာသည်။စားပွဲပေါ်မှာလည်း ကုန်သွားတဲ့
အရက်ပုလင်းတွေက မနည်းမနော။ချပေးထားတဲ့အမြည်းကိုပင် လက်မလှမ်းဘဲ
အရက်ချည်းသာသောက်နေခြင်းဖြစ်သည်။

"အရက်သောက်လိုက်တော့ရော မင်းအပြစ်တွေကျေသွားလို့
လား"

"ကျွန်တော် ဖခင်မပီသတဲ့အဖေတစ်ယောက်၊
သားဘက်ကို တစ်ခါမှကျွန်တော်မတွေးခဲ့ဖူးဘူး အဖေ၊
တော်ဝင်ယောက်ျားက ငါမွေးထားတဲ့သား၊
ငါ့ဆုံးဖြတ်ချက်တွေကို သူနာခံရမယ်ဆိုပြီးပဲ
ကျွန်တော် အမြဲတွေးခဲ့တာ၊ဟက်.....ရယ်စရာကောင်းတာက
ကျွန်တော်က ဖခင်မပီသတဲ့အပြင် လင်ယောက်ျားတစ်
ယောက်ရဲ့တာဝန်ပါ မကျေပွန်ခဲ့ဘူး"

အရက်ပုလင်းကိုတွေတွေကြီးစိုက်ကြည့်ကာ
မျက်ရည်တွေစီးကျနေသောသားဖြစ်သူအားမမြင်ရက်စွာ
မျက်နှာလွှဲမိသည်။

"တကယ်ဆို ငါ့အပြစ်တွေလည်းပါတယ်"

"အဖေ့အပြစ်တွေ...ဘာတွေလဲ"

"တကယ်ဆို မင်းချစ်တဲ့သူနဲ့လက်ထပ်ဖို့ကို ငါလက်ခံခဲ့ရမှာ၊
ငါလည်း အဖေတာဝန်မကျေပွန်ခဲ့ပါဘူး၊အဲ့အချိန်က စီးပွားရေးဒိထက်ပိုအောင်မြင်ဖို့သာ ငါ့အတွေးထဲရှိခဲ့တာ
ငါလည်း မှားခဲ့တာပါပဲ"

ပြောဆိုပြီး ရင်ထဲကအပူတွေငြိမ်းစေဖို့ရာ
စားပွဲပေါ်ကအရက်ခွက်ကိုအကုန်မော့ချမိသည်။
မူးသွားတာနဲ့ အရာအားလုံးမေ့သွားပါစေဆိုတဲ့
စိတ်နဲ့....

"ကျွန်တော်သာ မဖောက်ပြန်ခဲ့ရင်....
ကျွန်တော်သာ သားအပေါ်ဖခင်တာဝန်ကျေပွန်ခဲ့ရင်....
ကျွန်တော်အရမ်းနောင်တရတယ် အဖေ"

"အချိန်တွေနောက်ပြန်ရစ်လို့မှမရတော့တာပဲ ငါ့သား၊
ရှေ့လျှောက် Royalအပေါ်အရင်ကမကျေပွန်ခဲ့တဲ့တာဝန်
တွေကို ခုထမ်းဆောင်လိုက်ပေါ့၊
အဖေလည်း ဒီအကြံပဲပေးတတ်တယ်"

သားဖြစ်သူရဲ့ပုခုံးကိုပုတ်ကာ အားဖြစ်စေလိုငြား
ဆုပ်ညှစ်ပေးမိသည်။တကယ်လည်း ဒီလိုကိစ္စတွေဖြစ်လာ
တာ သူ့အပြစ်လည်းမကင်းခဲ့။

ROYAL HUSBAND Where stories live. Discover now