"ကျွန်တော် အပြင်မှာနေမလို့"
တစ်ဖန်တိတ်ဆိတ်သွားပြန်သောထမင်းဝိုင်းက
Royalရဲ့စကားသံကြားပြီး ထမင်းစားနေကြရာမှ
မော့ကြည့်လာကြသည်။ထိုစကားကိုပြောတဲ့သူကတစ်ခြားအိမ်သားတစ်ယောက်ဆိုရင်'အိမ်မှာပဲနေပါ'လို့ပြောကြမှာဖြစ်ပေမယ့်
ပြောတဲ့သူမှာ Royalဖြစ်သည့်အတွက်
မည်သူမှ အထွန့်တက်ပြီးဘာမှမပြောပေ။
အကြောင်းမှာ Royalကထိုစကားကိုခွင့်တောင်းတာ
မဟုတ်ပဲ အသိပေးခြင်းဆိုတာသူတို့သိထားကြလို့ပင်။"ငါ့ကြောင့်လား"
ဦးဇာနည်တော်ဝင်က သားဖြစ်သူကိုကြည့်ကာ
သူ့ကိုယ်သူလက်ညိုးထိုးရင်းပြောလေသည်။
ကျန်တဲ့မိသားစုဝင်တွေက ဘာမှဝင်မပြောသော်ငြား
Royalဆီက အမှတ်လိုချင်နေတဲ့'မယ်'ကတော့
လှုပ်လှုပ်ရှားရှားဖြစ်သွားကာ"ဘာလို့ အပြင်မှာနေမှာလဲ Royal၊
မိသားစုနဲ့နေရတာလောက်ကောင်း..."သူမစကားကိုအဆုံးမသတ်လိုက်ရပေ။
အကြောင်းမှာ Royalအပြင်ထိုက်ကပါ
သူမကို စူးစိုက်ကြည့်လာတာမို့။
Royalကိုကြောက်ရသည့်အပြင်
နန်းထိုက်တော်ဝင်ကိုလည်း မယ်ကြောက်ရသည်။
ထိုက်နဲ့သူမက မိန်းကလေးချင်းဆိုသော်ငြား
tomboyဖြစ်သူထိုက်က အရှိန်အဝါနဲ့ပင်။"အန်တီ့ကြောင့်ဆိုရင်တော့ အပြင်မှာနေစရာမလိုပါဘူး
သားရယ်..""အဲ့ေ-ာက်ပါးစပ်က သားလို့မခေါ်ဖို့
ဘယ်နခါပြောရမှာလဲ""မင်းမရိုင်းစိုင်းစမ်းနဲ့"
မိန်းမကိုထိတော့ မယားချစ်ဦးဇာနည်တော်ဝင်က
အထိမခံရွှေပန်းကန်ဆောင်ပုဒ်ဆောင်ကာဝင်ပြောလာသည်။"ဖေဖေ့မြေးကို မပြောတော့ဘူးလား"
ထိပ်ဆုံးမှာအစားအသောက်မပျက်ထိုင်စားနေတဲ့
ဦးမင်းတော်ဝင်ကသားဖြစ်သူအပြောကို
အရေးတယူလုပ်ပြီး ပြန်ဖြေခြင်းမရှိပေ။"တကယ်ဆို ကိုကြီးက ကိုကြီးမိန်းမကို
ဘာမှမပြောဖို့ပြောထားရမှာမဟုတ်ဘူးလား"တစ်လျှောက်လုံးငြိမ်နေတဲ့ ဒေါ်မြတ်ပန်းတော်ဝင်က
ဝင်ပြောလာသည်။သူမယောက်ျားဦးခန့်ညားမောင်ကတော့
ဦးမင်းတော်ဝင်အတိုင်း ဘာမှဝင်ပြောလာခြင်းမရှိပေ။မြတ်ပန်းတော်ဝင်ဆိုသောသူမသည်
ဦးမင်းတော်ဝင်ရဲ့သမီးအငယ်ဖြစ်ကာ
ဦးဇာနည်တော်ဝင်ရဲ့ညီမဖြစ်ပြီး တစ်နည်းအားဖြင့်
တော်ဝင်ယောက်ျား(Royal)ရဲ့အဒေါ်၊
နန်းထိုက်တော်ဝင်နဲ့နိုဘယ်တော်ဝင်တို့ရဲ့အမေပင်ဖြစ်သည်။
တစ်အိမ်လုံးမှာအငယ်ဆုံးလေးဖြစ်သူ
"နိုဘယ်တော်ဝင်"ကတော့
ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ပင်။
YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...