"ငါ့မှာချစ်သူရှိနေပြီ"
"အထူးအဆန်းကျလို့"
ဘားမှာအတူထိုင်ရင်း နေရောင်ခြည်ရဲ့ဝမ်းသာ
အားရစကားသံကို သူရထက်နိုင်ကတစ်ငုံမော့သောက်ရင်း
အေးဆေးစွာပင်တုံ့ပြန်သည်။
Royalနဲ့ထိုက်ကတော့ တစ်ခွန်းမှဝင်မပြော။
နေရောင်ခြည်ချစ်သူရှိတာ သူတို့အတွက်တော့
သာမန်ထက်မပိုချေ။"အရင်ဟာတွေလိုမျိုးမဟုတ်ဘူး၊
ခုက ငါ့နှလုံးသားတစ်ခုလုံးကိုအပိုင်ယူသွားတဲ့
ငါ့ချစ်သူ""ဟက်"
ရောင်ခြည်စကားသံအဆုံး Royalက
ဟက်ခနဲရယ်လိုက်သည်။သူတို့လေးယောက်မှာ
နေရောင်ခြည်က ပွေရှုပ်လွန်းသူဖြစ်၍
ချစ်သူရှိတယ်စကားအကြား မအံ့သြကြသည်မှာ
မဆန်းပေ။"မယုံကြဘူးပဲ၊ငါတကယ်ပြောနေတာ ဟေ့ကောင်တွေ၊
မင်းအလှလေးဆိုင်က waiterလေးလေ၊
ငါသူ့ကိုလိုက်နေတာကြာရောပေါ့၊ခုတော့
ငါ့အချစ်တွေကို တုံ့ပြန်လိုက်ပြီလေ"နေရောင်ခြည်က အူမြှူးစွာပင်ရယ်ပြုံးရင်း
ပြောလာသည်။ခြေငြိမ်လိုက်ကာ ကောင်လေးကို
နေနေ့ညညပိုးပန်းတဲ့ရလဒ်အတွက်
ခုဆို ကောင်လေးကသူ့ချစ်သူဖြစ်လာလေပြီ။
အင်း...သူတဇွတ်ထိုးလုပ်ခဲ့တာတွေကိုတော့
စာရင်းထဲထည့်မတွက်တော့ပါဘူးလေ....."အလှလေးဆိုင်က....."
"ငါသိပြီ...
ကောင်းထက်ဆိုတဲ့တစ်ယောက်ကိုပြောတာမလား""အင်း"
အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဘယ်သူက
ဘယ်သူ့ကိုစိတ်ဝင်စားနေတာလဲဆိုတာ
မသိသူမရှိ။ကောင်းထက်ဆိုတဲ့ကောင်လေးကို
နေရောင်လိုက်ပိုးနေတာသူတို့သိပေမယ့် တစ်ဖက်က
အချိန်ဆွဲထားသဖြင့် နေရောင်ကလက်လျော့လိုက်ပြီ
ဟုသာထင်ခဲ့ကြသည်။နေရောင်ခြည်တောင် အချစ်နဲ့ထိတွေ့မိသွားပြီပဲ~~
"Wow! Congratulations ငါ့ကောင်ကြီး"
သူရက ချီးယားလုပ်ရန်အရက်ခွက်ရှေ့တိုးပြီး
ပြောလာတော့ ကျန်တဲ့သုံးယောက်လည်း
ရှေ့တိုးကာ"Cheer!"
"အာဒါနဲ့ ငါပြောဖို့မေ့နေတာ၊
သူယောင်မယ် ငါ့Companyမှာအလုပ်လာလျှောက်တယ်"
YOU ARE READING
ROYAL HUSBAND
عشوائي"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...