Unicode Font
6. တောက်တိုမယ်ရ (၁)
အခြားသူတစ်ယောက် သူတို့နှစ်ဦး တည်ရှိနေကြောင်း သိသွားရန် အချိန်သိပ်မကြာလိုက်ပါ။ သူမသည် ဖုန်းကို ကိုင်ထားရင်း လှည့်လိုက်သောအခါ သူမ မျက်လုံးများ လစ်မစ်ပြည့်သည်အထိ ပြူးသွားတော့သည်။
Fu Yanzhiသည် ဘဝင်မကျဖြစ်သွားလေသည်။
သူ ပြောဖို့ မလုပ်ခင်မှာပဲ Ye Zhenzhenသည် ရုတ်တရက် ရောက်ချလာတော့သည်။
"သူ သူ သူ..." သူသည် တံခါးဆီ သွားပြီးတော့ စကားပြောထစ်နေရင်း ထိုနှစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
Fu Yanzhiသည် သူမကို အေးတိအေးစက် ကြည့်လိုက်လေသည်။ "သွားကြစို့။"
"နေဦးလေ..." Ye Zhenzhenသည် သူ့ကို လျစ်လျူရှုထားလိုက်သည်။ သူမသည် ကြည့်လိုက်ပြီး ညင်ညင်သာသာလေး လှမ်းမေးလိုက်သည်၊ "ညီမ ဝင်လာလို့ ရလား"
Ji Qingyingလည်း အနည်းငယ် ရှက်သွားပေမဲ့ ခေါင်းညိတ်လိုက်လေသည်။ "ရတာပေါ့။"
ထိုစကား ပြီးဆုံးသည်နှင့် Ye Zhenzhenသည် နှောင့်နှေးခြင်းမရှိဘဲနဲ့ သူမဆီ တစ်ဟုန်ထိုး သွားလိုက်တော့သည်။ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူမ မေးလိုက်သည်၊ "အစ်မက Ji Qingyingလား"
Ji Qingyingသည် ထိုမိန်းကလေးငယ်ကို အံ့သြစွာ ကြည့်လိုက်လေသည်။ "ဟုတ်တယ်။"
"ဝိုး။" Ye Zhenzheသည် ပိုပြီးတော့တောင် စိတ်လှုပ်ရှားသွားသည်။ "အစ်ကိုရေ အဲ့ဒါ သူမပဲဟ။"
Fu Yanzhiသည် သူမကို စူးရှသောအကြည့်တစ်ချက် ပေးလိုက်သည်။
Ye Zhenzhenသည် တစ်လွဲထင်လိုက်ပြီး သူမ ပြောသည်ကို သူ နားမလည်သည်ထင်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်လေသည်၊ "အဲ့အစ်မက ညီမ စောနက ပြောထားတဲ့ ညီမရဲ့ အကြိုက်ဆုံး ဒီဇိုင်းနာလေ။"
"...."
Ye Zhenzhenသည် ဒီဇိုင်းပညာကို သင်ယူနေသော ဒုတိယနှစ်ကျောင်းသူဖြစ်သည်။ သူမသည် သူမကိုယ်သူမ ကိစ္စများကို မထိန်းချုပ်တတ်သော သွက်လက်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် သူမ၏ ဘဝနှင့် ကျောင်းကိစ္စများကို မိသားစုကို ရင်ဖွင့်ရန် ကြိုက်နှစ်သက်သည်။ အထူးသဖြင့် အိုင်ဒေါအသစ် ပေါ်လာလျှင် သို့မဟုတ် တစ်ခုခု ရှိလာတိုင်း သူမသည် သူတို့ကို ဖွင့်ပြောလေ့ရှိသည်။
YOU ARE READING
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...