Chapter 38 Part 1 (Uni/Zawgyi)

801 74 1
                                    

Unicode Font

38. မင်းလေလုံးထွားလဲ ရပါတယ်ကွာ (1)

Ji Qingyingသည် သူ့စကားများကြောင့် အံ့သြသွားခဲ့သည်။

ထိုစကားလေးကြောင့် အတွေးများက သူမစိတ်ထဲ မထိန်းနိုင်မသိမ်းနိုင် ဝင်လာတော့သည်။

သူမ ရှက်သွေးဖြာသွားသည်။

Ji Qingyingသည် မျက်လုံးပြူးကာ စိုက်ကြည့်ရင်း သူမနှုတ်ခမ်း လှုပ်သွားပေမဲ့ အချိန်အတော်ကြာ သူမ စကားတစ်ခွန်းမှ မဆိုနိုင်ခဲ့ပါ။

သူမတိတ်ဆိတ်နေမှုကို သတိထားမိသွားသောအခါ Fu Yanzhi တည်ငြိမ်စွာ မေးလိုက်သည်၊ "ဘာဖြစ်လို့လဲ"

သူ ထပ်မေးလိုက်သည်၊ "မင်း မနက်ဖြန် ဘာလုပ်ဖို့ ရှိလဲ"

Ji Qingying "..."

သူမ ခေါင်းစောင်းလိုက်ပြီး နောင်တနှင့်အတူ ချိုးနှိမ်လိုက်ကာ သူ့မျက်နှာထက်က အပြုံးတစ်ခုကို ရိပ်ခနဲ ဖမ်းမိသွားသည်။

"Fu Yanzhi!"

သူမ သူ့နာမည်ကို ဒေါသထွက်စွာ ခေါ်လိုက်သည်။

ပြုံးနေရင်း Fu Yanzhi မေးလိုက်သည်၊ "မင်း ဘာလို့ ဒီလောက်ထိ ဒေါသထွက်နေတာလဲ"

"..."

Ji Qingying သူ့ကို ထပ်ပြီး ဂရုမစိုက်တော့ချေ။

Fu Yanzhi ရယ်သွမ်းသွေးလိုက်ပြီး သူမကို ထပ်မံမစနောက်တော့ပါ။

သူ တီးတိုးသံနှင့် ရှင်းပြလိုက်သည်၊ "ည၁၂နာရီမတိုင်ခင် မင်း အိမ်ပြန်ရောက်မှာပါ။"

"အို့။"

Ji Qingying မေးခွန်းများ နောက်ထပ် မမေးတော့ပေ။

Fu Yanzhi ဘေးတိုက် ကြည့်လိုက်ပြီးနောက် သူမကို တည့်တည့်စိုက်ကြည့်လိုက်ပြီးနောက် ဆိုလိုက်သည်၊ "အကယ်လို့ ကိုယ်တို့ မပြန်ဖြစ်ရင် မင်းကို ကြိုပြောပါ့မယ်။"

သူမသဘောတူညီချက်မရဘဲ သူ သူမကို ဘယ်မှ မခေါ်သွားပါ။

ညဘက်အပြင်ထွက်ရင်တောင်မှ ဖြစ်သည်။ ထူးခြားသော အခြေအနေများ မရှိခဲ့လျှင် ဖြစ်သည်။

"ဟင်း၊ ကျွန်မ သိပါပြီး။" သူမ ပြန်ဖြေလိုက်သည်။

ဤလူက မည်ကဲ့သို့သော ယောကျာ်းဖြစ်မှန်း သူမ သိသည်။

Jiaochen (MM Translation) [Haitus]Donde viven las historias. Descúbrelo ahora