Unicode Font
8. တစ်လက်မ ရလာခဲ့တော့ ခြေထောက်တစ်ချောင်းကို ထပ်လိုချင်လာပြန်ပြီး (၁)
[အဓိပ္ပါယ်က တစ်စုံတစ်ရာကို နည်းနည်းလေး ရလာတော့ အကုန်လုံးကိုပါ ထပ်လိုချင်လာတယ်ဆိုတာကို ပြောတာပါ။]
ထို့ကြောင့် သူမ ဒေါက်တာFuကို စလိုက်ခြင်း၏ အကျိုးဆက်ကတော့ နောက်ရက်အနည်းငယ်အတွင်းမှာ သူ့ကို လုံးဝ မတွေ့ရခြင်းဖြစ်သည်။
Ji Qingyingမှာ အတော်လေးကို ဝမ်းနည်းသွားသည်။
သူမ ပါးစပ်မထိန်းမိသွားလို့ သူမ အပြစ်ဖြစ်သွားတာလား။
Chen Xinyuကတော့ သူမ၏ ကျီစယ်လိုက်သော အပြူအမူကြောင့် ဆွံ့အသွားခဲ့သည်။ သူမကို အချိန်တော်တော်ကြာ ပြက်ရယ်ပြုပြီးနောက် သူမသည် Ji Qingyingကို အကြံဉာဏ်အချို့ ပေးလိုက်သည်။
ဤသို့ဖြင့် ပြန်လည် တွေ့ဆုံနိုင်မည့် အစီအစဥ်ကို ဖန်တီးလိုက်ပေမဲ့ သူမ အလွန်အလုပ်များနေသောကြောင့် ထိုအစီအစဥ်ကို အခုမှာတော့ ခဏ ထားထားရမည်ဖြစ်သည်။
အလုပ်သို့ နေ့ရက်ပေါင်းများစွာ အပြေးသွားနေရပြီးနောက် ရုပ်ရှင်၏ ဦးစားပေးcheongsamဝတ်စုံနှင့် နေ့စဥ်ဝတ်ရသော cheongsamဝတ်စုံများလည်း နောက်ဆုံးမှာတော့ အဆင်သင့်ဖြစ်သွားပြီးဖြစ်သည်။
Ji Qingying၏ ဒီဇိုင်းမှာ ဒရာမာ၏ ခေါင်းစဥ်နှင့် ကိုက်ညီနေပြီး ဇာတ်ကောင်၏ ပင်ကိုစရိုက်နှင့်လည်း အတော်လေး ကိုက်ညီနေသေးသည်။
ဒါရိုက်တာGuanနှင့် အခြားဒီဇိုင်းနာများမှာလည်း သူမကို ချီးကျူးစကား ပြောကြပြီး ဓာတ်ပုံများကို တွေ့ကြသော သရုပ်ဆောင်များတောင်မှ ချီးကျူးစကား ဆိုကြသေးသည်။
ထို့ကြောင့် Ji Qingyingတွင် အားလပ်ရက်နှစ်ရက် ရခဲ့ပြီး သူမမှာ ဒရာမာအုပ်စုတွင် ပါဝင်နိုင်ရန် ပြင်ဆင်ရဦးမည်ဖြစ်သည်။
တစ်ညလုံး နေခဲ့ပြီးနောက် သူမ အိမ်ပြန်လာခဲ့သည်။
နေမင်းကြီး စထွက်တော့မည့်အချိန်နှင့် လေပြည်လေညှင်းများလည်း တိုးညှင်းစွာ တိုက်ခတ်နေမှုနှင့်အတူ သူမသည် အိမ်ကို မနက်၅နာရီလောက် ရောက်ရှိခဲ့သည်။
YOU ARE READING
Jiaochen (MM Translation) [Haitus]
RomanceDisclaimer: I do not own this story. I translated this story from English. So if there is something wrong, feel free to tell me. Just for Translation. All credits go to original author and English translator^^ Zawgyi font is also available ^^ Unicod...